ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိ


ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် KIA အကြမ်းဖက်အဖွဲ့ နှင့် ပူးပေါင်းအဖွဲ့များ လာရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ ဒီဇင်ဘာ ၅ ရက်နေ့ မနက်ပိုင်းအချိန်က ဗန်းမော်တက္ကသိုလ်ထဲကို KIA အကြမ်းဖက်သမား ၁၅၀ ဦးခန့်က လာရောက်တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ပြန်လည်ဆုတ်ခွါသွားကြောင်း၊ အလားတူ ဗန်းမော်မြို့အနီးရှိ တာမိုင်းလုံရွာအနီးတွင် နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းနှင့် KIA အကြမ်းဖက်အဖွဲ့ အပြန်အလှန် ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး KIA အကြမ်းဖက်အဖွဲ့က အလောင်းများ ဆွဲယူ၍ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး နယ်မြေရှင်းစစ်ကြောင်းက ထပ်ကြပ်လိုက်လံ ရှင်းလင်းရာ လက်နက်မျိုးစုံ ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့နယ်ထဲရှိ တပ်ဌာနချုပ်အချို့အား KIA အကြမ်းဖက်သမား ၅၀ ဦးခန့်ရှိ အဖွဲ့များက လာရောက်တိုက်ခိုက်လို့ လက်နက်ပစ်ကူယူ၍ ပြန်လည်တိုက်ခိုက် ရှင်းလင်းခဲ့ရကြောင်း၊ ညပိုင်းအချိန်တွင် ဗန်မော်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ လာရောက်တိုက်ခိုက်တာရှိပြီး အပြန်အလှန်ပစ်ခတ်ကြကာ အကြမ်းဖက်သမားများ ဆုတ်ခွါထွက်ပြေးသွားကြောင်း သိရသည်။

မံစီဒေသရှိ တပ်ဌာနချုပ်အချို့ကိုလည်း အင်အား ၅၀ ကျော်ခန့် အဖွဲ့များဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားပြီး အကြမ်းဖက်သမားများထံမှ သေနတ် ၃ လက်နှင့် ခဲယမ်း/ဗုံးသီး အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၆ ရက် (ယနေ့)တွင်လည်း ဗန်းမော်မြို့နယ်ထဲရှိ ရပ်ကွက်/ကျေးရွာများအား KIA အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်လို့ ဒေသခံအချို့ ထိခိုက်သေဆုံး/ဒဏ်ရာရရှိမှုများ ရှိနေပြီး ဒေသခံအချို့လည်း တိုက်ပွဲလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း၊ ထို့အပြင် KIA/PDF အကြမ်းဖက်များသည် ၎င်းတို့ ဒုက္ခပေးမှုကြောင့် ဘေးလွတ်ရာကို ထွက်ပြေး၊ တိမ်းရှောင်သွားကြသည့် ဒေသခံပြည်သူများပိုင်ဆိုင်သော ကား၊ ဆိုင်ကယ်၊ ရွှေထည်ပစ္စည်းများနဲ့ အဖိုးတန်ပစ္စည်းများအား ခိုးယူသယ်ဆောင်နေမှုများလည်း ရှိနေကြောင်း၊ တိုက်ပွဲရှောင်အချို့၏ ဖုန်းများကိုလည်း သတင်း ပေါက်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ KIA အကြမ်းဖက်အဖွဲ့များက သိမ်းယူနေကြောင်း သိရသည်။

ဒီဇင်ဘာ ၄ ရက်နေ့မှစ၍ ဗန်းမော်မြို့ကို လာရောက်တိုက်ခိုက်ခဲ့သည့် KIA/PDF အကြမ်းဖက် အဖွဲ့များသည် တိုက်ပွဲ ၃ ရက်တာကာလအတွင်း ၎င်းတို့ဘက်မှ ထိခိုက်သေဆုံးမှု ၂၀၀ ကျော်ခန့်ရှိကာ ဒဏ်ရာရသူ များပြား လျက်ရှိကာ သေဆုံးသူများထဲတွင် တပ်ရင်းမှူးအဆင့်၊ စစ်ကြောင်းမှူးအဆင့် (ဆလန်ကဘာ၊ ဒူကဘာ၊ ဒူချွန်) များပါဝင်ကြောင်း ဖမ်းဆီးရမိ PDF အကြမ်းဖက်သမား ၁ဦးထံမှ သိရသည်။

ဗန်းမော်မြို့ပေါ်မှ အဆက်မပြတ်ကြားနေရတဲ့ တိုက်ပွဲသံများမှာ ကျေးရွာများဘက်တွင် ကင်းတို/ ကင်းရှည် ထုတ်ထားတဲ့ အဖွဲ့များနှင့် ထိတွေ့မှုဖြစ်ပွားနေခြင်းဖြစ်ပြီး ၎င်းအဖွဲ့ငယ်များ အဖိတ်အစင်မရှိ ပင်မတပ်များဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တပ်မ(၈၈)စစ်ကြောင်းများက မြို့ထဲစိမ့်ဝင်လာတဲ့ အကြမ်းဖက်သမားများကို ဝင်ရောက်ရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)