လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၌ ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၌ ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲ ကျင်းပ





ရန်ကုန်၊ ဒီဇင်ဘာ ၇

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အတွင်းပဒံကျေးရွာ မြို့နယ်စုပေါင်းရုံးအိမ်ရာ အတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင်စုရပ်အဖြစ်သတ်မှတ်ပြီး ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲကို ယနေ့ ၇-၁၂-၂၀၂၄ရက်နေ့(၀၅၀၀)အချိန်မှစ၍စတင်ကျင်းပခဲ့သည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှုးသိန်းဇော်၊လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုး တင်အောင်ဖြိုး၊ အဖွဲ့ဝင်(၂)ဦးကျော်သူဝင်း၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှုးဦးသိန်းလွင်၊ မြို့နယ်ပညာရေးမှူး ဦးကြည်ထွန်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမျိုးလှိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များစုစုပေါင်းအင်အား(၅၁၃)ဦးဖြင့် လမ်းလျှောက်ပွဲအား ကျင်းပခဲ့ကြသည်။

မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့မှ ရုံးရှေ့လမ်းအတိုင်း နည်းပညာကျောင်းလမ်းအထိ စုပေါင်းလမ်းလျှောက်ခဲ့ပြီးကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ရာ(၀၆ ၀၀)အချိန်တွင် ဒီဇင်ဘာအားကစားလလူထုလမ်းလျှောက်ပွဲ အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)