ကချင်ပြည်နယ်အတွင်း ရွှေ့ပြောင်းသွားလာနိုင်သည့် လူငယ်များနှင့် ကျောင်းပြင်ပလူငယ်များအတွက် လုံခြုံစိတ်ချရသော ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်အတွင်း ရွှေ့ပြောင်းသွားလာနိုင်သည့် လူငယ်များနှင့် ကျောင်းပြင်ပလူငယ်များအတွက် လုံခြုံစိတ်ချရသော ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ




မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၉

ကချင်ပြည်နယ်အတွင်း ရွှေ့ပြောင်းသွားလာနိုင်သည့် လူငယ်များနှင့် ကျောင်းပြင်ပလူငယ်များအတွက် လုံခြုံစိတ်ချရသော ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ်ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ယခုလို အသိပညာပေးဆွေးနွေးပေးခြင်းအားဖြင့် ဒေသခံတိုင်းရင်းသားလူငယ်များအကြောင်း အမျိုးမျိုးကြောင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရာတွင် ကြုံတွေ့ရမည့် အခက်အခဲများနှင့် ဆိုးကျိုးများကို ပိုမိုသိရှိနားလည်စေမည့်အပြင် သိသင့်သိထိုက်သော အခွင့်အရေးများ၊ ရပိုင်ခွင့်များကို ပိုမိုသိရှိနားလည်လာစေမည်ဖြစ်သည့်အတွက် ယနေ့ဆွေးနွေးပွဲတွင် ပါဝင်သူများအနေဖြင့် မိမိတို့ဒေသတိုင်းရင်းသားလူငယ်များအတွက် တက်ကြွစွာ ပါဝင်ဆွေးနွေးကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးက အသိပညာပေးဆွေးနွေးပွဲအတွက် ချီးမြှင့်ပံ့ပိုးငွေကျပ် (၅) သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ဒေသခံတိုင်းရင်းသားလူငယ်များအား ဆွေးနွေးပွဲတွင် အသိပညာပေးဆွေးနွေးဆောင်ရွက်သွားမည့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ၊ T-Shirt အင်္ကျီများ၊ ပိုစတာဆိုင်းဘုတ်များ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေစာအုပ်များ ခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေးခဲ့ကြကာ ဆွေးနွေးပွဲတက်ရောက်လာသည့် လူငယ်များအား အလေးထားလိုက်နာမှတ်သားနိုင်ရေး၊ သိလိုသည်များ ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးနိုင်ရေးညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြည်နယ်အလုပ်သမားညွှန်ကြားမှုူဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသူရိန်လင်းက ပြည်ပသို့ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာများနှင့် စပ်လျဉ်း၍ လုံခြုံစိတ်ချရေသော ရွှေ့ပြောင်းသွားလာမှုဖြစ်စေရေး၊ အလေးထားလိုက်နာသိရှိထားရမည့် တရားမဝင်သွားရောက်ခြင်းဆိုင်ရာ တွေ့ကြုံရနိုင်သည့် ဆိုးကျိုးများနှင့် တရားဝင်သွားရောက်ခြင်း၏ ကောင်းကျိုးများ၊ မိမိလုံခြုံမှုအတွက် အလေးထားလိုက်နာရမည့် ကိစ္စရပ်များ၊ အာရှနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရာတွင် သိထားသင့်အချက်အလက်များကို ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာသူများက သိလိုသည်များ မေးမြန်းဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး အမှတ်(၁၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၊ ဒုတိယရဲမှူးရဲနေဝင်းအောင်နှင့် တပ်ဖွဲ့ဝင်များကလည်း ရွှေ့ပြောင်းသွားလာအလုပ်လုပ်ရာတွင် တွေ့ကြုံရနိုင်သည့် လူကုန်ကူးခံရမှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)