အကြမ်းဖက်လှုံ့ဆော်သူ ပြည်ပြေး ဝရမ်းပြေး မင်းမော်ကွန်း ၏ ခွက်ခေါက်နည်းသစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်လှုံ့ဆော်သူ ပြည်ပြေး ဝရမ်းပြေး မင်းမော်ကွန်း ၏ ခွက်ခေါက်နည်းသစ်





နိုင်ငံတကာရောက် မြန်မာများထံမှ နည်းမျိုးစုံဖြင့် ခွက်ခေါက် အလှူခံပြီး မြန်မာပြည်အတွင်းရှိ နီပိန်း PDF အကြမ်းဖက်သမားများအတွက် ထောက်ပံ့ပေးနေသည့် မင်းမော်ကွန်း မှာ လူမြင်ကွင်းကို ဝှီးချဲပြီး ထွက်လာပြီး ခွက်ခေါက်နည်းသစ် ကို ပြသခဲ့သည့်အပေါ် ပြည်သူများ အံ့သြတုန်လှုပ်ခဲ့ကြရသည်။

သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ကျင်းပသည့် အကြမ်းဖက်လှုပ်ရှားမှု "ဖြတ်"ရုပ်ရှင် ပြသပွဲကို မင်းမော်ကွန်း က ဝှီးချဲဖြင့် ထွက်လာခဲ့ခြင်း ဖြစ်သည်။ အကြမ်းဖက်လှုပ်ရှားမှု မှတ်တမ်း "ဖြတ်"ရုပ်ရှင်ကို နိုဝင်ဘာလ ၃၀ရက် (စနေနေ့)က ပြသခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်လှုံ့ဆော်သူ ဝရမ်းပြေး မင်းမော်ကွန်း က ဝှီးချဲဖြင့် ရောက်လာခဲ့ခြင်း ဖြစ်ပြီး ပြည်သူများကြားတွင် မင်းမော်ကွန်းရဲ့ ခွက်ခေါက်နည်းသစ် အဖြစ် ဝေဖန်ပြောဆိုနေကြသည်။

ကျော်ကျော်ဌေးလွင် (ခ) မင်းမော်ကွန်းသည် အကြမ်းဖက်လှုံ့ဆော်မှုများ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့ပြီး သြစတေးလျနိုင်ငံသို့ ထွက်ပြေးရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။

ပန်းချီဆွဲနေရင်း ရုတ်တရက် ခြေထောက်မထောက်နိုင်တော့တာကြောင့် ဝှီးချဲနဲ့သွားလာနေရတဲ့ အခြေအနေမျိုး ဖြစ်ခဲ့ရသည်။

သုံးသပ်သူတစ်ဦး က "ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူတွေက မျက်ရည်ခြူတဲ့ နေရာမှာ နည်းမျိုးစုံ လုပ်တတ်တယ်။ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေရတာကို အားမရနိုင်ကြသေးဘူး။ တူသောအကျိုးပေးပေါ့ဗျာ။ အခု ခြေထောက် မထောက်နိုင်တာဆိုရင် နောက်ကြရင် လက်ပါ မလှုပ်နိုင်တာ ဖြစ်လာမယ်။ ဒီထပ်ပိုပြီး အာရွဲ့လာမယ်။ စကားမပြောနိုင်တဲ့ အခြေအနေ ဖြစ်လာမယ်။ ဒီလိုအခြေအနေတွေ ဖြစ်လာရင်လည်း ပြည်ဖျက်မိစ္ဆာတွေကတော့ အဲဒီ ဒုက္ခိတကို ပြပြီး ခွက်ခေါက်ကြအုံးမှာပဲ။" ဟု သုံးသပ်ပြောဆိုသည်။

မင်းမော်ကွန်း သည် သူ၏ Facebook စာမျက်နှာမှ "ပဲခူးရိုးမတောက ရိုးမကျားကြီးတွေအတွက် ပြုလုပ်ထားတဲ့ ဆိုင်ခန်းလည်းယူ ကျည်လည်းကူဆိုတဲ့ ကမ်ပိန်းမဲ စတင်ရောင်းချပေးနေပါပြီခမျ။ ကျွန်တော့အမျိုးတွေကိုယ်ထဲမှာ  ပဲခူးအတွက်သွေးအပြည်ရှိတယ်ဆိုတာယုံကြည်ပြီးသားပါ။ ကျွန်တော်ဆို ပဲခူးအတွက် Campaign Project တွေလုပ်ပေးခဲ့ပါတယ်။ ခုကတော့အရေးကြုံလာရင် ပဲခူးအတွက်ပြန်ကျိုးစားပေးရမယ်ဆိုတဲ့စိတ်နဲ့ ဒီကမ်ပိန်းမှာ ပါဝင်အားဖြည့်တာပါ။ ငါတို့ရိုးမအတွက် ငါတို့ရှိတယ်ဆိုတာ ပြသကြရအောင် ခုပဲ သက်ဆိုင်ရာ မက်ဆင်ဂျာကို သွားပြီး လက်မှတ် လေးတွေဝယ်ပေးကြရအောင်ဗျာ။ ထိုင်းအချေစိုက်တွေအနေနဲ့ ကျွန်တော့ဆီမှာ လာအားပေးနိုင်ပါပြီခမျ။ -10000 MMK, Thailand - 100 THB, Malaysian - 20 MYR, Korean - 10000 Won,  US-5$,  Singapore - 5 SGD, UK-5 GBP, Japan - 500 Yen တို့နဲ့ ကံစမ်းမဲလက်မှတ်ဝယ်ပေးပြီး ထောက်ပို့ပေးရမှာ ဖြစ်ပါတယ်။" ဟု ခွက်ခေါက်ပို့စ်တင်၍ အကြမ်းဖက်လှုပ်ရှားမှုအတွက် ရန်ပုံငွေ ရှာဖွေလျက်ရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)