ဒုတိယဝန်ကြီး ဦးသန့်စင် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ်(၅)ဓာတ်မြေဩဇာစက်ရုံ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးသန့်စင် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ်(၅)ဓာတ်မြေဩဇာစက်ရုံ ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဒီဇင်ဘာ ၈

စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အတူ ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းပိုင် အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးတို့သည် စက်ရုံအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး စက်ပစ္စည်းများ အသစ်လဲလှယ်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စည်းကမ်းများကို တိကျစွာလိုက်နာဆောင်ရွက်ရန်နှင့် ပစ္စည်းအဟောင်းများကို စနစ်တကျစာရင်းပြုစုထားသိုရန် လိုအပ်ကြောင်း၊ စက်ရုံဝန်ထမ်းများအနေဖြင့် စက်ပြုပြင်မှုဆောင်ရွက်နေသည့် ကုမ္ပဏီနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် နည်းပညာပိုင်းလေ့လာသင်ယူရန်လိုကြောင်း၊ စက်ရုံရှိဌာနပိုင်ပစ္စည်းများ ပျက်စီး/ ပျောက်ဆုံး/ အလွဲသုံးစားမှုမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး စဉ်ဆက်မပြတ်စီမံဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ စက်ရုံလုံခြုံရေးနှင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက် တတ်နိုင်သလောက် ပိုမိုဆောင်ရွက်ပေးကြစေလိုကြောင်း မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးတို့သည် ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် လိုအပ်သော ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးကာ အင်အားဖြည့်အစားအစာများပေးအပ်ပြီး စက်ပြုပြင်နေမှုအခြေအနေများနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)