အာဆီယံကော်မတီအစည်းအဝေးနှင့် အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းသည့်အခမ်းအနားသို့ ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံကော်မတီအစည်းအဝေးနှင့် အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းသည့်အခမ်းအနားသို့ ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး တက်ရောက်




အော်တာဝါ၊ ဒီဇင်ဘာ ၁၃

 ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းသည် အာဆီယံကော်မတီ (အော်တာဝါ) (ASEAN Committee in Ottawa-ACO) ၏ အလှည့်ကျဥက္ကဋ္ဌ ဖြစ်သူ ဖိလစ်ပိုင်သံအမတ်ကြီး Maria Andrelita S. Austria ဉီးဆောင်၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်တွင် အော်တာဝါမြို့ရှိ Fairmont Chateau Laurier Hotel ၌ ကျင်းပသည့် အာဆီယံကော်မတီ (အော်တာဝါ) သံရုံးအကြီးအကဲများ၏ (၂၈၈) ကြိမ်မြောက် အစည်းအဝေး နှင့် ကော်မတီ၏အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းသည့်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ 

အစည်းအဝေးတွင် ဦးစွာ အာဆီယံသံရုံးအကြီးအကဲများက အော်တာဝါမြို့သို့ ပြောင်းရွှေ့ ရောက်ရှိလာသည့် မလေးရှားသံအမတ်ကြီးအသစ်ဖြစ်သူ Dr. Shazelina Zainul Abidin အား ကြိုဆိုခဲ့ကြပြီးနောက် ကနေဒါကုန်သွယ်ရေးအဖွဲ့၏ အင်ဒိုနီးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံခရီးစဉ် အပါအဝင် အာဆီယံ-ကနေဒါမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ 

ထို့နောက် ဖိလစ်ပိုင်သံအမတ် ကြီးက အာဆီယံကော်မတီ (အော်တာဝါ) ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ထိုင်းသံအမတ်ကြီး Kallayana Vipattipumiprates ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။ အစည်းအဝေးအပြီးတွင် အာဆီယံသံရုံးအကြီးအကဲများနှင့် အာရှ-ပစိဖိတ် ဖောင်ဒေးရှင်း(ကနေဒါ) ဒုတိယဥက္ကဋ္ဌ Ms. Vina Nadjibulla တို့၏ အလုပ်သဘော နေ့လယ်စာစားပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)