မိတ္ထီလာ၊ ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်အစပ်၊ မန္တလေး- ရန်ကုန်အမြန်လမ်း၊ မိုင်တိုင်အမှတ် ၃၁၉(၆/၇)မိုင် အကြားရှိ တဇောက်ချောင်းတံတား၌ လမ်းလုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအား PDF အကြမ်းဖက်အဖွဲ့မှ ယမန်နေ့ ၃ ၂၀ ဝန်းကျင်ခန့်က Drone ဖြင့် Drop Bomb ချကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တဇောက်ချောင်းတံတား၌ လမ်းလုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအား PDF အကြမ်းဖက် အင်အား ၇၀ ခန့်က တံတားပတ်လည် မီတာ ၂၀၀ ခန့်အကွာမှ Drone ဖြင့် Drop Bomb ချကာ တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များမှ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ မွန်းလွဲ ၃ နာရီ ၄၅ မိနစ် အချိန်တွင် တိုက်ပွဲပြီးဆုံးခဲ့ပြီး PDF အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် အဆောက်အဦးများ ထိခိုက်ပျက်စီးမှု မရှိကြောင်း၊ တိုက်ပွဲဖြစ်စဉ်ကြောင့် အမြန်လမ်းအား ယာဉ်အသွားအလာ ခေတ္တပိတ်ထားခဲ့ပြီး ညနေ ၅ နာရီအချိန်တွင် အမြန်လမ်းအား ပြန်ဖွင့်ပေးခဲ့ပြီး ယာဉ်များ ပုံမှန်အတိုင်း သွားလာလျက်ရှိကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားရာသို့ တပ်မတော်စစ်ကြောင်း ရောက်ရှိလာပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment