ကော့သောင်းခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်



ကော့သောင်း , ဒီဇင်ဘာ ၁၉


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ကော့သောင်းခရိုင်ရုံးက ကြီးမှူးဖွင့်လှစ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံ သင်တန်း(၁/၂၀၂၄)ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနခရိုင်ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ကော့သောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က သင်တန်းဖွင့် အမှာစကားနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ သင်တန်းကို မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး ဘေးစသည့် သဘာဝဘေးအန္တရာယ်များ မကျရောက်မီ ကြိုတင်ပြင်ဆင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်တတ်ကြ စေရန်နှင့် ရင်ဆိုင်ကြုံတွေ့လာရချိန်တွင် ပျက်စီးဆုံးရှုံးမှုနှင့် အသက်ဆုံးရှုံးမှုလျော့နည်းစေရန် ပိုမိုကောင်းမွန်သော တုံ့ပြန်မှုကိုဆောင်ရွက်နိုင်ရန်၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် များကို ကူညီကာကွယ်စောင့်ရှောက်နိုင်ရန်၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ စီမံခန့်ခွဲမှုလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်ကာကြိုတင်ပြင်ဆင်လုပ်ဆောင်ရမည့် နည်းလမ်းများကို သိရှိစေရန်၊ သဘာဝဘေးအန္တရာယ်များကျရောက်လာပါက အခြေခံကျသည့် ရပ်ရွာများမှ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်မှုလုပ်ငန်းများဆောင်ရွက်နိုင်မည့် ရပ်ကွက်၊ ကျေးရွာ စွမ်းအားစုများပေါ်ထွက်လာရေးရည်ရွယ်ကာ ကော့သောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ သင်တန်းသား/သူ(၃၀)ဦးကို ဒီဇင်ဘာလ(၁၈)ရက်နေ့မှ (၂၄)ရက်နေ့ထိ (၇)ရက်တာပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)