မအူပင်ခရိုင်၌ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်ခရိုင်၌ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ




မအူပင် , ဒီဇင်ဘာ ၁၉


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၌ Grade-11 နှင့် Grade-12 သင်ဆရာ၊ ဆရာမများ ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားကြီး မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များ၌ Grade-11 နှင့် Grade-12 သင်ဆရာ၊ ဆရာမများ ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း သင်ယူပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်မှ ပေးအပ်သည်။ ဆက်လက်၍ မအူပင်ခရိုင် ဥပဒေအရာရှိဦးသန်းစိုးနှင့် ဒုတိယဥပဒေအရာရှိတို့မှ ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်းအမှတ်(၂)မြို့နယ်ခေါင်းဆောင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ရာ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများကိုယ်စား ပန်းတနော်မြို့နယ်၊ မင်းတစ်စုကျေးရွာအခြေခံပညာ အထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ခင်မာခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


 အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


အောင်မြင့်မြတ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)