ရွှေဘိုမြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအမှတ်စဉ် (၆/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေဘိုမြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအမှတ်စဉ် (၆/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

 



ရွှေဘို , ဒီဇင်ဘာ ၁၉


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအမှတ်စဉ် (၆/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဒီဇင်ဘာလ(၁၇)ရက်နေ့ညနေပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြင့်က သင်တန်းဆင်းအမှာစကားပြောကြားရာ "သင်တန်းမှ သင်ကြားပို့ချပေးလိုက်သည့် အသိပညာ၊ အတတ်ပညာကို လက်တွေ့နယ်ပယ်၌ ပြန်လည်အသုံးချပြီး အိမ်အသုံးစရိတ်များ လျော့ချနိုင်ရေး၊ မိသားစုအပိုဝင်ငွေရရှိစေရေး  တစ်နိုင်တစ်ပိုင် အသေးစား စီးပွားရေးလုပ်ငန်းရှင်များအဖြစ် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရေးတို့အတွက် ကြိုးစားကြစေလိုကြောင်း" ပြောကြားခဲ့ပြီးတာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းထုတ်ကုန်များကို ပေးအပ်ခဲ့ပြီးနောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားရာ "နေ့စဉ်သုံးစွဲနေရသည့် ဆပ်ပြာအမျိုးမျိုး ပြုလုပ်နည်း၊ လက်ဆေးရည်ပြုလုပ်နည်းများကို လက်တွေ့နယ်ပယ်မှာ အသုံးချနိုင်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် မိမိတို့သင်တန်းသားများအနေဖြင့် သင်ကြားပေးလိုက်သည့် နည်းပညာတွေကို လက်တွေ့နယ်ပယ်မှာ အမှန်အကန်အသုံးချပြီး မိသားစုအတွက် ထုတ်ကုန်မှသည် စီးပွားဖြစ် ထုတ်လုပ်နိုင်သည်အထိ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း" ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို (၃)ရက်ကြာ စာ​တွေ့၊ လက်​တွေ့ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသား စုစုပေါင်း (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သင်တန်းပြီးဆုံးပါက လုပ်ငန်းထူထောင်လိုသူများကို ရွှေဘိုခရိုင် အသေးစား စက်မှု၊ လက်မှု လုပ်ငန်းဦးစီးဌာနမှ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အေးမြင့်စန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)