သာယာဝတီ , ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ ဗူးသီးပင်များကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း ဗူးသီးပင်စိုက်ပျိုးရောင်းချသူ ဦးဖိုးဆိတ်ထံမှ သိရသည်။
းသီးပင်များကို မိမိခြံမြေအကျယ်အဝန်းပေါ်မူတည်ကာတစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့် တစ်တန်း (၆) ပေခန့်စီခြား၍ စိုက်ပျိုးနိုင်ကြောင်း၊ ကျင်းတစ်ပေခန့်အနက်တူး၍ မြေဆွေး၊ မြေသင်းဖြင့် ပြည့်အောင်ထည့်၍ (၃) လက်မအနက်တွင် မျိုးစေ့ ၄ စေ့၊ ၅ စေ့ခန့်မြှုပ်ပြီး သန်သည့်အပင်ကိုထားကာ စင်တင်ပေးရကြောင်း၊ ရေကြိုက်သော်လည်း ရေဝပ်မြေကိုမနှစ်သက်ကြောင်း၊ စိုက်ပျိုးစရိတ်အလွန်သက်သာကြောင်း၊ စိုက်ပျိုးပြီးနှစ်လခွဲအကြာတွင် အသီးများစတင်ရရှိပြီး ခူးယူရောင်းချနိုင်ကာ သုံးလအကြာထိ အသီးများဆက်သီးလာကြောင်း၊ မြေဩဇာအဖြစ် နွားချေးနှင့်မြေဆွေးကိုသာ အသုံးပြုရ၍ ကုန်ကျစရိတ်အလွန်သက်သာကြောင်း၊ ဗူးသီးတစ်လုံးလျှင် ၁၀၀၀ ကျပ် မှ ၁၅၀၀ ကျပ်ဈေးနှုန်းဖြင့် ရောင်းချရကြောင်း၊ စားသုံးသူများ ကြိုက်နှစ်သက်သည့်အတွက် ဗူးသီးစိုက်ပျိုးသူ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
သန့်ဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment