နေလုံးနားကို ကီလိုမီတာ ၄သန်းလောက်အထိ ကပ်နိုင်လာပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

နေလုံးနားကို ကီလိုမီတာ ၄သန်းလောက်အထိ ကပ်နိုင်လာပြီ




ဒီဇင်ဘာ ၂၅ - ( ဗုဒ္ဓဟူးနေ့ ) 

၂၀၁၇ မေလ ၃၁ ရက်နေ့က ဒေါက်တာ ယူဂျင်ပါကာ ဒီဇိုင်းရေထားတဲ့ နေ လေ့လာရေးယာဉ် ပါကာကို ၂၀၁၈ ဩဂုတ်လ ၁၂ ရက်နေ့က အာကာသထဲကို လွှတ်တင်ခဲ့ရာ မနေ့ကဆိုရင် နေလုံးကြီးနဲ့ ကီလိုမီတာ ၃.၈ သန်းအကွာကို ရောက်ရှိနေပါပြီ။ လူလုပ်ပစ္စည်းတွေထဲမှာ နေနဲ့ အနီးဆုံး ပထမဆုံးအကြိမ်ရောက်ရှိခဲ့တယ်လို့ မှတ်တမ်းဝင်သွားပါပြီ။ 

တစ်နာရီကိုမိုင် ၄ သိန်းလောက်နဲ့သွားတဲ့ အဲ့ဒိယာဉ်ကလေးက လူလုပ်ပစ္စည်းထဲမှာ အမြန်ဆုံးပစ္စည်းဖြစ်ပါတယ်။ ကမ္ဘာမြေကနေ ကီလိုမီတာ ၆၂သန်းကျော်ကို ရောက်နေပါပြီ။ နာဆာက အဲ့ဒိယာဉ်ကလေးဆီကနေ အချက်ပြမှု တစ်ခုရဖို့အတွက် ၃ ရက်ကျော်ကျော် စောင့်ရပါတယ် ။ ယာဉ်ကလေးသွားတဲ့နှုန်းကို ဥပမာပေးရရင် အမေရိကန် ဝါရှင်တန်ကနေ ဂျပန် တိုကျိုမြို့ဆီကို သွားမယ်ဆိုရင် ၁ မိနစ်အတွင်းရောက်နိုင်ပါတယ်။ ပါကာက နေလုံးကိုသွားရောက်လေ့လာဖို့ကြိုးစားတဲ့ မစ်ရှင်တွေထဲမှာ ၂၁ ခုမြောက် ပျံသန်းရေးယာဉ်ဖြစ်ပြီး အအောင်မြင်ဆုံး ယာဉ်လည်းဖြစ်ပါတယ်။ 

ပါကာနေလုံးလေ့လာရေးယာဉ်၏ လက်ရှိ မစ်ရှင်မှာ နေ၏ ကိုရိုနာ သို့မဟုတ် အပြင်ဘက် လေထုထဲသို့ ပိုမိုနက်ရှိုင်းစွာ ဖြတ်သန်းသွားရန် ဖြစ်ပါတယ်။ ၎င်းဧရိယာသည် အပူချိန် ၁၄၀၀ ဒီဂရီစင်တီဂရိတ်နှင့် မြင့်မားသော ရောင်ခြည်ဖြာထွက်မှုရှိပါသည်။  ယင်းအခြေအနေများမှ ၎င်း၏ကိရိယာများကို ကာကွယ်ရန် အတွက် အာကာသယာဉ်သည် နေ၏ ကိုရိုနာကို ဖြတ်သန်းစဉ် အခန်းအပူချိန် (85°F/29°C) အနီးတွင် အတွင်းကိရိယာများကို ထိန်းသိမ်းထားသည့် ကာဗွန်ပေါင်းစပ်ဒိုင်းကို သယ်ဆောင်ထားပါတယ်။


REF - NewsBytes

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)