ရန်ကုန်၊ ဒီဇင်ဘာ ၂၅
ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ယခုလ အစောပိုင်းက ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူများ ကျင်းပသည့် ရန်ပုံငွေရှာဖွေပွဲသို့ ပြည်ပြေး ဝရမ်းပြေး မင်းမော်ကွန်း ဝှီးချဲဖြင့် တက်ခဲ့ခြင်းသည် မျက်ရည်ခြူခြင်းသာ ဖြစ်ကြောင်း ပြည်ပြေး ဝရမ်းပြေးများ က ပြည်သူများအပေါ် လိမ်လည်လှည့်ဖျားနေသည်ကို သိစေလိုသူ တစ်ဦးက ဆက်သွယ်ပြောဆိုသည်။
ပြည်ပြေး ဝရမ်းပြေး အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦး က Viber မှ မက်ဆေ့ပေးပို့ ပြောဆိုရာတွင် "ဆစ်ဒနီမှာ အလှူခံတဲ့ပွဲ မင်းမော်ကွန်း ဝှီးချဲနဲ့ ထွက်လာတာကို သိလား။ အဲဒါ တမင်သက်သက် ဟန်လုပ်ထားတာ။ မျက်ရည်ခြူတာပေါ့ဗျာ။ လူငယ်တွေကို မြှောက်ပေးနေတဲ့ကောင်တွေက သူတို့လည်း တော်လှန်ရေးအတွက် ဘယ်လိုတွေ လုပ်နေပါတယ်ပေါ့ဗျာ။ တကယ်က ဘာမှ ဖြစ်တာမဟုတ်ဘူး။ လမ်းမလျှောက်နိုင်တာလည်း မဟုတ်ဘူး။ အများပြည်သူကို လှည့်ဖျားပြီး မျက်ရည်ခြူတာဗျာ။ ရွံစရာကောင်းပါတယ်။ အနုပညာအသိုင်းအဝိုင်း က ကောင်တွေလို့ မပြောရဘူး။ သူတို့က ဘာမှ စွန့်စွန့်စားစား မလုပ်ဘဲနဲ့ မျက်ရည်ခြူပြီး အများပြည်သူကို မှိုင်းတိုက်တဲ့အကွက်။ ဒါတွေကို နီပိန်းတွေက သိကြမှာ မဟုတ်ဘူး။ ဒီကောင်တွေ မြှောက်ပေးတိုင်း အဟုတ်ထင်နေကြတာ။ သရုပ်ဆောင် လို့ မပြောရဘူး။ သရုပ်ဆောင်ကတော့ အလွန်ကောင်းတဲ့ ကောင်တွေ" ဟု ဆက်သွယ်ပြောဆိုသည်။
ပန်းချီဆွဲနေရင်း ရုတ်တရက် ခြေထောက်မထောက်နိုင်တော့တာကြောင့် မင်းမော်ကွန်း ဝှီးချဲနဲ့သွားလာနေရကြောင်း၊ အခုလို ဖြစ်နေချိန်မှာတောင် တော်လှန်ရေးအတွက် အားတက်သရော ဆောင်ရွက်ပေးနေကြောင်း အကြမ်းဖက်လှုံ့ဆော်စာမျက်နှာများတွင် ဖော်ပြခဲ့ကြသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment