ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်ည နေ ၅ နာရီ ၁၅ မိနစ်ခန့်က ဆီဘောက်ဆာကားသည် အရှိန်လွန်ပြီး လဘက်ရည်ဆိုင်ထဲသို့ဝင်သွားခဲ့မှု ဖြစ်ပွားခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်(ရန်ကုန်)ထံမှ သိရသည်။
တာမွေမြို့နယ်ရှိ သမိန်ဗရမ်းလမ်းအတိုင်း တာမွေဗလီဘက်သို့ မောင်းနှင်လာသည့် ဆီဘောက်ဆာကားသည် နတ်ချောင်းရပ်ကွက်၊ သမိန်ဗရမ်းလမ်းနှင့် ပွဲစားတန်းလမ်းထောင့်အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိလဘက်ရည်ဆိုင်အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်တိုက်မိခဲ့သဖြင့် အမျိုးသားတစ်ဦးတွင် (မစိုးရိမ်ရ)ဒဏ်ရာများနှင့် အမျိုးသမီးတစ်ဦးတွင် (စိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း၊ ဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရသူ ၂ ဦးအား မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment