ဒေါ်စုကို စော်ကားခဲ့တဲ့ ဝရမ်းပြေး ဇင်မာအောင် က ဒေါ်စုလွှတ်ပေးဖို့ အရေးဆိုလာပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေါ်စုကို စော်ကားခဲ့တဲ့ ဝရမ်းပြေး ဇင်မာအောင် က ဒေါ်စုလွှတ်ပေးဖို့ အရေးဆိုလာပြန်


ရန်ကုန်၊ ဒီဇင်ဘာ ၂၄

၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁၂)ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် အဂတိလိုက်စားမှုများကြောင့် အကျဉ်းကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် က သူမအနေဖြင့် NUG ၊ PDF ကဲ့သို့သော အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ သိရှိခြင်း မရှိသလို ထောက်ခံခြင်းလည်း မရှိကြောင်း ပြောကြားခဲ့သည့်အပေါ် ဝရမ်းပြေး ဇင်မာအောင် က တော်လှန်ရေးအမည်ခံ အကြမ်းဖက်လှုပ်ရှားမှုသည် ဒေါ်အောင်ဆန်းစုကြည်နှင့် မသက်ဆိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေခြင်းမဟုတ်ကြောင်း ပြည်ဖျက်မီဒီယာများ ကျယ်ကျယ်ပြန့်ပြန့် တုန့်ပြန်ခဲ့သည်။

NUG အကြမ်းဖက်အဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီး ဟု အမည်ခံထားသည့် ဝရမ်းပြေး ဇင်မာအောင် က ယခု ရက်ပိုင်းအတွင်း ပြည်ဖျက်မီဒီယာများတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် ပြောဆိုမှုများ ပြန်လည်လုပ်ဆောင်လာသည်ကို တွေ့ရသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပသည့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတွင် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက အဂတိလိုက်စားမှုများကြောင့် အကျဉ်းကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးသင့်ကြောင်း ပြောဆိုမှုကို အခြေခံ၍ ပြည်ပြေး ဝရမ်းပြေး ဇင်မာအောင် က သံယောင်လိုက်၍ ပြောဆိုလာခြင်း ဖြစ်သည်။

"စင်္ကာပူနိုင်ငံခြား‌ရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးဖို့ ပြောတဲ့အပေါ် ကျေးဇူးတင်ပြီး အပြစ်မရှိ အပြစ်ရှာပြီး နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ကို အစကတည်းက မဖြစ်သင့်တာကြောင့် အကြမ်းဖက်စစ်ကောင်စီထံလွတ်ပေးပါလို့ ‌တောင်းစရာမရှိသော်လည်း လွတ်ပေးရမယ့်ကိစ္စ"လို့ မြင်ကြောင်း ပြည်ပြေး ဝရမ်းပြေး ဇင်မာအောင်က ပြောဆိုထားသည်။

နိုင်ငံရေးလေ့လာသူတစ်ဦးက "ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်စု တွေ့ဆုံပြီး ဒေါ်စုက NUG, PDF ဆိုတာတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မထောက်ခံဘူးလို့ သတင်းစကားထွက်လာတော့ ဇင်မာအောင် က ဒေါ်စု ဘာမှ အရေးမပါဘူးလို့ ပြောခဲ့တာပဲ။ NUG အဖွဲ့ထဲမှာ ဒီစကားက တော်တော်လေး ဂယက်ထသွားတယ်။ လူထုက သူတို့အပေါ် အယုံအကြည်မရှိ ဖြစ်သွားမှာကို သိလို့ ဒီလှုပ်ရှားမှုက ဒေါ်စုရဲ့ ဦးဆောင်မှုနဲ့ လုပ်နေတာ မဟုတ်ဘူးဆိုတာမျိုး ပြောခဲ့တာ။ အခုကြတော့လည်း သံယောင်လိုက်ပြီး ဒေါ်စုလွှတ်ပေးဖို့ ပြောလာပြန်ပြီ။ သူတို့ရဲ့ ပြောစကားတွေ က ဘာမှ အတည်ယူလို့ မရဘူး။ ဒေါ်စုထမိန်နားခိုပြီး နိုင်ငံရေးလုပ်စားခဲ့တယ်။ ဒေါ်စုကို စော်ကားတယ်။ အခု သံယောင်လိုက်ပြီး ဒေါ်စု လွှတ်ပေးဖို့ ပြောတယ်။ ဒေါ်စု အနေနဲ့ က NUG ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဘယ်လို ထောက်ခံစရာ အကြောင်းမရှိဘူး။ သူ့ရဲ့ ရပ်တည်ချက်အရ အကြမ်းဖက်လှုပ်ရှားမှုကို ထောက်ခံအားပေးကြောင်း ပြသဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ ဒါကြောင့် ဒေါ်စုနဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံမှုကနေ ထွက်လာတဲ့ စကားကို ပြည်ဖျက်မီဒီယာတွေ အားလုံးက ဝိုင်းဝန်းပိတ်စို့ တားဆီးပြီး အကြမ်းဖက်လှုံ့ဆော်မှုတွေကို အရှိန်မြှင့်ပြီး လုပ်ခဲ့ကြတာ ဖြစ်ပါတယ်" ဟု သုံးသပ်ပြောဆိုသည်။

ဝရမ်းပြေး ဇင်မာအောင် သည် အမေရိကန်တွင် ခိုလှုံနေပြီး ဂျပန်၊ ကိုရီးယားနိုင်ငံများသို့ သွားရောက်၍ အလှူငွေကောက်ခံမှုများ လုပ်ဆောင်လျက်ရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)