ဒီဇင်ဘာ ၂၄ ( အင်္ဂါနေ့ )
ပိုလန်နိုင်ငံ၌ ကျင်းပသော အော့စ်ဝစ်ချ် လွတ်မြောက်ရေး နှစ် ၈၀ ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ လာမည့်လတွင် ကျင်းပမည်ဖြစ်ရာ အခမ်းအနားသို့ အစ္စရေး၀န်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု တက်ရောက်မည် ဆိုပါက ဖမ်းဆီးခံရမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ (အီးယူ) ၏ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဝါဒလီစလော ဘာတော့ဇဝစကီ ပြောကြားလိုက်ပါတယ်။
အော့စ်ဝစ်ချ်အကျဉ်းထောင်က ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တွေဖွင့်ထားတာဖြစ်ပြီး ဂျူးလူမျိုး သန်းပေါင်းများစွာကို အဆိပ်ပေးသတ်ဖြတ်ခဲ့သည့်နေရာဖြစ်သည်။ အဆိုပါ အကျဉ်းထောင် လွတ်မြောက်ရေးနေ့သည် အစ္စရေးနိုင်ငံလို ဂျူးလူမျိုးတွေအတွက် အရေးပါသောနေ့တစ်နေ့ဖြစ်ပါတယ်။
နိုင်ငံတကာ ရာဇဝတ်မှု ရောမဥပဒေကို လက်မှတ်ရေးထိုးထားသည့် ပိုလန်သည် နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ၏ ညွှန်ကြားချက်များကို လိုက်နာရန် တာဝန်ရှိကြောင်း ဝါဆောအစိုးရရဲ့ ထိပ်တန်းသံတမန်က ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ ဂါဇာတွင် ဖြစ်ပွားနေသည့် ပဋိပက္ခနှင့် ဆက်နွှယ်သည့် စစ်ရာဇ၀တ်မှုများကို ကိုးကား၍ နေတန်ယာဟု နှင့် အစ္စရေး ကာကွယ်ရေးဝန်ကြီးဟောင်း ဂေါ်လန် တို့ကို ICC က နိုဝင်ဘာလတွင် ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။
နေတန်ယာဟုနှင့် ဂေါ်လန်တို့က ဂါဇာရှိအရပ်သားများအား အစားအစာ၊ ရေနှင့် ဆေးဝါးများကို တမင်တကာ ခြွင်းချက်မရှိ ရည်ရွယ်ချက်ရှိရှိ ငတ်မွတ်ခေါင်းပါးစေတဲ့ စစ်ပွဲနည်းလမ်းကို အသုံးပြုခဲ့တယ်လို့ တရားရုံးက စွပ်စွဲခဲ့ပါတယ်။ အစိုးရရှေ့နေများအဆိုအရ အဆိုပါလုပ်ရပ်များက စစ်ပွဲအတွက် မလိုအပ်ဘဲ သုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံစလုံးသည် ရောမသဘောတူစာချုပ်တွင် ပါ၀င်ပြီး ICC က အစ္စရေးဝန်ကြိးချုပ်ကို ဖမ်းဝရမ်းထုတ်ရန် လိုအပ်သော်လည်း တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် တုံ့ပြန်မှုများမှာ မတူညီပေ။ ဟန်ဂေရီ ဝန်ကြီးချုပ် Viktor Orban က နေတန်ယာဟုအား ဖမ်းဝရမ်းထုတ်မည် မဟုတ်ကြောင်း အာမခံကာ ဟန်ဂေရီနိုင်ငံ သို့ လာရောက်ရန် ပွင့်ပွင့်လင်းလင်း ဖိတ်ကြားထားတာရှိပါတယ်။ စပိန်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ အိုင်ယာလန်၊ လစ်သူယေးနီးယားနှင့် စလိုဗေးနီးယားတို့ကဲ့သို့ နိုင်ငံများသည် သံတမန်ရေးရာ ကင်းလွတ်ခွင့်မရှိဘဲ ICC ၏ ညွှန်ကြားချက်များကို လိုက်နာရန် မလိုကြောင်း ဆိုထားပါတယ်။ ပြင်သစ်က ကနဦးတွင် ဖမ်းဝရမ်းကို လိုက်နာရန် ရည်ရွယ်ကြောင်း ထုတ်ဖော်ခဲ့သော်လည်း နောက်ပိုင်းတွင် နေတန်ယာဟု အတွက် သံတမန်ရေးရာ အကာအကွယ်ပေးမှုကို ပေးခဲ့ပါတယ်။ ICC ၏ လုပ်ဆောင်ချက်များသည် အစ္စရေး အရာရှိများထံမှ ပြင်းထန်သော တုံ့ပြန်မှုများကို ထွက်ပေါ်လာစေသည်။
REF - RT
-Join - https://t.me/MyanmarNationalPost

No comments:
Post a Comment