နေပြည်တော်၊ ဒီဇင်ဘာ ၂၄
တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသခံပြည်သူများ အတိဒုက္ခရောက်အောင် နည်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသော အကြမ်းဖက်အဖွဲ့များကို ရှင်းလင်း ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၃ ရက်နေ့က၊ ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ (၃) မိုင်၊ ရွှေပြည်သာရပ်ကွက်အတွင်း နယ်မြေရှင်းလင်းစဉ် နေရာ ၃ နေရာမှ KIA နှင့် အကြမ်းဖက်အင်အား ၁၀၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ထိခိုက်ကျဆုံးသည့် အလောင်းများအား ဆွဲယူကာ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ဖြစ်စဉ်တွင် အကြမ်းဖက်များ မဆွဲယူနိုင်ဘဲကျန်ခဲ့သည့် KIA အကြမ်းဖက်သမား ၅ လောင်း၊ ဘီဇူကာ ၂ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ နောင်ချိုမြို့နယ်တွင် ဒီဇင်ဘာ ၂၃ ရက်နေ့က တောင်ခမ်းဒေသ၊ ၆ ထပ်ကွေ့အနီး လမ်းလုံခြုံရေးဆောင်ရွက်နေစဉ် TNLA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူသည် အနောက်တောင်ဘက်သို ဆုတ်ခွာသွားခဲ့သည်။ ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှု မရှိဘဲ TNLA အကြမ်းဖက်သမား ၁ လောင်း၊ M-22 သေနတ် ၁ လက်၊ ကျည်အိမ် ၃ ခု/ ကျည် ၁၀၀ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ ၂၃ ရက် ညနေ ၄ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ ဝါဝါဝင်းဆီဆိုင်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များသည် ကားလမ်းမပေါ်တွင် မိုင်းထောင်ရန်ပြုလုပ် နေသည့် PDF အကြမ်းဖက်သမား အား ပစ်ခတ်ဖမ်းဆီးခဲ့ရသည်။
PDF အကြမ်းဖက်သမား ၁ လောင်းနှင့် အတူ လက်လုပ်လက်ပစ်ဗုံး ၃ လုံး၊ လက်လုပ်မိုင်း ၃ လုံးတို့အား သိမ်းဆည်းရရှိခဲ့သည်။
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ဒီဇင်ဘာ ၂၃ ရက်နေ့က နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် စစ်ကြောင်းနှင့် အကြမ်းဖက် AA ၈၀ ဦးခန့်တို ထိတွေ့မှုဖြစ်ပွားပြီး လေကြောင်းပစ်ကူဖြင့် ပြန်လည်တိုက်ခိုက်ရာ ရန်သူဆုတ်ခွာသွားခဲ့သည်။ ဖြစ်စဉ်တွင် AA အကြမ်းဖက်သမား ၁ လောင်း၊ MA-1 သေနတ် ၁ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၂၀၀ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ကျည်ကာဦးထုပ် ၁ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
-Join - https://t.me/MyanmarNationalPost
No comments:
Post a Comment