ဒီဇင်ဘာ ၂၄ ( အင်္ဂါနေ့ )
အမေရိကန်သမ္မတလောင်း ထရမ့်က အာတိတ်ဒေသက ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းဖြစ်တဲ့ ဂရင်းလန်းကျွန်းကို အမေရိကန်ရဲ့ စစ်ရေးမဟာဗျူဟာနဲ့ အမျိုးသားအကျိုးစီးပွားအတွက် ဝယ်ယူမယ်လို့ ပထမသက်တမ်းတုန်းက ပြောခဲ့သလိုပဲ ဒီကနေ့မှာလည်း အဲ့ဒိကိစ္စကို ပြန်ပြီး အစဖော်လိုက်ပါတယ်။
အဲ့ဒါနဲ့ပတ်သက်ပြီး ဂရင်းလန်ကျွန်းအုပ်ချုပ်ရေးအဖွဲ့က ဂရင်းလန်ကျွန်းက ရောင်းရန်မဟုတ်ဘူးလို့ တုံ့ပြန် ပြောကြားလိုက်ပါတယ်။ ဒိန်းမတ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေသည် လူနေကျဲပါးပြီး အများအားဖြင့် နှင်းများနှင့် ရေခဲများဖြင့် ဖုံးလွှမ်းထားပါတယ်။ "ဂရင်းလန်းက ကျွန်ုပ်တို့ရဲ့ပိုင်နက်ဖြစ်ပါတယ်" လို့ ကျွန်း၏ ဝန်ကြီးချုပ် Mute Egede မူတီအဂ်ဒီ က AFP သတင်းဌာနကနေ တနင်္လာနေ့တွင် ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ “ကျနော်တို့က ရောင်းဖို့မဟုတ်ဘူး၊ ဘယ်တော့မှ ရောင်းမှာမဟုတ်ဘူး။ လွတ်လပ်ရေးရဖို့ အတွက် ကျနော်တို့ရဲ့ရှည်လျားတဲ့ရုန်းကန်မှုကို ကျနော်တို့ မဆုံးရှုံးစေရဘူး” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဒိန်းမတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ် ခန့်အပ်ခြင်းပွဲတွင် ထရမ့်က "ဂရင်းလန် ကျွန်းကို ပိုင်ဆိုင်မှုနှင့် ထိန်းချုပ်မှုသည် ကမ္ဘာတဝှမ်းလုံးရှိ အမျိုးသားလုံခြုံရေးနှင့် လွတ်လပ်မှုတို့ အတွက် အမေရိကန်အတွက် မရှိမဖြစ်လိုအပ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ထရမ့်က ဂရင်းလန်ကျွန်းကို ဝယ်ယူရန် ကမ်းလှမ်းမှုကို အထူးတလည် ဖော်ပြထားခြင်းမရှိသလို ၎င်း၏ စကားအသုံးအနှုန်းက နေတိုးအဖွဲ့ဝင် ဒိန်းမတ်နိုင်ငံအား အင်အားသုံး၍ ကျွန်းကို သိမ်းယူရန် ၎င်း၏ တက်လာသော အစိုးရ၏ ဆန္ဒကို ကိုယ်စားပြုခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ဂရင်လန်ကျွန်းသည် အာတိတ်သမုဒ္ဒရာရှိ မဟာဗျူဟာမြောက် ကုန်သွယ်မှုလမ်းကြောင်းများစွာ၏ထိပ်တွင် တည်ရှိနေပြီး ယူရေနီယမ်နှင့် အဖိုးတန်သတ္တုများလို အရေးပါသော သတ္တုသိုက်များတည်ရှိနေပါတယ်။ အဆိုပါ ကျွန်းကို ထိန်းချုပ်နိုင်မှုက ကပ်လျက်ရှိတဲ့ ကမ်းလွန်ပင်လယ်ပြင်၏ စတုရန်းကီလိုမီတာ ၉၀၀,၀၀၀ ဝန်းကျင်ကို အမေရိကန်က ပိုင်ဆိုင်ခွင့် ရရှိမည်ဖြစ်ပါတယ်။
ဂရင်လန်ကျွန်းသည် စတုရန်းကီလိုမီတာ ၂.၁ သန်းကျော် ကျယ်ဝန်းသော်လည်း ၎င်းတွင် နေထိုင်သူ ၅၅၀၀၀ ခန့်သာရှိပြီး ၎င်းတို့အနက် ၉၀% နီးပါးသည် အီနွီများသာဖြစ်သည်။ ဂရင်းလန်းကို ၁၈၁၄ ကီရယ် စာချုပ်ချုပ်ပြီး ကတည်းက ဒိန်းမတ်နယ်မြေအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ ဂရင်းလန်းသည် ဒိန်းမတ်ပါလီမန်တွင် အမတ်နှစ်ဦးရှိပြီး ၎င်း၏လုံခြုံရေး၊ နိုင်ငံခြားရေးနှင့် ငွေကြေးမူဝါဒနှင့် ၎င်း၏ဘတ်ဂျက် ထက်ဝက်ကျော်အတွက် ကိုပင်ဟေဂင်အစိုးရအပေါ် မှီခိုနေရပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment