ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ပေးနေမှုကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ပေးနေမှုကြည့်ရှု


နေပြည်တော်၊ ဒီဇင်ဘာ ၂၄

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးဒေါက်တာမျိုးသန့်နှင့်အတူ ယမန်နေ့က ပြည်ထောင်စုနယ်မြေ (နေပြည်တော်) လယ်ဝေးမြို့အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းခန်းမအတွင်း၌ လယ်ဝေးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကျောင်းသားကျောင်းသူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးခြင်းလုပ်ငန်းနှင့် e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူကာ ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းတို့ကို လုပ်ငန်းစဉ်အဆင့်အလိုက် တစ်နေရာတည်း၌ One Stop Service ဖြင့် စိစစ်ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းအုပ်ကြီး ဦးသန်းကျော်ထွန်းနှင့် ဆရာ ဆရာမများအား လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကိုမေးမြန်း၍ ကျောင်းသား ကျောင်းသူများအနေဖြင့် သတ်မှတ်အသက်ပြည့်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် Unique ID နံပါတ်ပါ စာရွက်များကိုင်ဆောင်ခွင့်ရရှိရေး စိစစ်ညှိနှိုင်းဆောင်ရွက်ပေးရန်မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လယ်ဝေးမြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် စိစစ်ထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူကာ ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို လုပ်ငန်းစဉ် အဆင့်ဆင့်ဖြင့် One Stop Service စိစစ် ဆောင်ရွက်ထုတ်ပေးနေမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် ရုံးခန်းအတွင်း သန့်ရှင်းသပ်ရပ်ရေးဆောင်ရွက်ထားရှိမှု၊ ရုံးစာရွက်စာတမ်းများ စနစ်တကျထိန်းသိမ်းထားရှိမှုနှင့် မှတ်တမ်းခန်းအတွင်းကိုယ်ရေးဖိုင်များ၊ ဖိုင်တွဲများနှင့် ဖိုင်တင်စင်များအလိုက် စနစ်တကျထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)