ဒီဇင်ဘာ ၂၄ ( အင်္ဂါနေ့)
နျူလက်နက်အင်အားကြီး ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ ရုရှားတို့ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်နယ်ထရမ့်နဲ့ ဗလာဒီမာပူတင်တို့တွေ့ဆုံဆွေးနွေးရေးကို နိုင်ငံတော်တော်များများက အလိုရှိနေကြတယ်လို့ ရုရှား သံတမန်ဟောင်း ယူရီအက်ရှာကောဗ်က ဆိုလိုက်ပါတယ်။
“ တွေ့ဆုံဆွေးနွေပွဲလုပ်ဖို့အတွက် မကြာသေးခင်ကမှ သမ္မတပူတင်နဲ့တွေ့ဆုံခဲ့တဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအိုဘန်နဲ့ စလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ်ဖလိုး တို့က စီစဉ်ပေးနိုင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ “နိုင်ငံအသီးသီးက အဆိုပြုချက်များစွာကို ကျွန်တော်တို့ လက်ခံရရှိထားပါတယ်” လို့ အက်ရှာကောဗ့်က တနင်္လာနေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။ “အလားအလာရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို မထိခိုက်စေဖို့အတွက် အဆိုပြုထားတဲ့နိုင်ငံတွေရဲ့နာမည်တွေကို ကျွန်တော် ထုတ်ပြောမှာမဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီလို အဆိုပြုချက်တွေအတွက် အစီအစဉ် ရေးဆွဲပြီး ဆောင်ရွက်နေပါတယ်။”
သမ္မတပူတင်ကတော့ “တတ်နိုင်သမျှ အမြန်ဆုံး စကားပြောရန် အသင့်ဖြစ်နေပြီ” ဟု ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့ပါတယ် ။ သို့သော် ထိုကဲ့သို့ တွေ့ဆုံပွဲအတွက် သီးခြား အစီအစဉ်များ မရှိဟု ကရင်မလင်အစိုးရက တနင်္ဂနွေနေ့က ပြောထားတာတော့ ရှိပါတယ် ။
ကမ္ဘာ့မီဒီယာတွေရဲ့ ဖော်ပြချက်အရ အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့အစိုးရအဖွဲ့က လက်ရှိဖြစ်နေတဲ့ ရုရှား - ယူကရိန်းနယ်စပ်က စစ်ပွဲတွေကို ရပ်တန့်အောင်လုပ်ဖို့ စဉ်းစားနေပေမဲ့ ရုရှား ၊ ယူကရိန်း ၂ နိုင်ငံလုံးက အပစ်ရပ်ရေးကို ငြင်းဆန်ထားပါတယ်။ ရုရှားရဲ့တောင်းဆိုချက်ကတော့ ယူကရိန်းနိုင်ငံ နေတိုးအဖွဲ့ထဲကို မဝင်ဖို့ရယ် ၊ ခရိုင်းမီးယား အပါအဝင် ရုရှား သိမ်းထားတဲ့ ရုရှားစကားပြော ယူကရိန်းဒေသတွေကို ယူကရိန်းအနေနဲ့ စွန့်လွှတ်ဖို့ ပဲဖြစ်ပါတယ်။
ယူကရိန်းဘက်ကလည်း ရုရှားတောင်းဆိုချက်များကို မလိုက်လျော နိုင်သလို ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာအာဏါကို လာရောက်မထိန်းချုပ်ဖို့အတွက် တောင်းဆိုမှုများ ရှိနေရာ လက်တွေ့မကျသော တောင်းဆိုမှုများဖြစ်နေလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မှာ ဖြစ်လာနိုင်စရာမရှိလို့ နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
ဆွစ်ဇာလန်၊ တူရကီ နှင့် ဆော်ဒီအာရေးဗီးယားတို့က ရုရှားနှင့် ယူကရိန်းကြား စေ့စပ်ညှိနှိုင်းမှုများကို လက်ခံကျင်းပရန် ဆန္ဒ ထုတ်ဖော်သည့် နိုင်ငံများတွင် ပါဝင်နေပြီး တရုတ်၊ ဘရာဇီးနှင့် အင်ဒိုနီးရှားတို့က ပဋိပက္ခအဆုံးသတ်ရန် လမ်းပြမြေပုံကို ထုတ်ဖော်ခဲ့ထားတာရှိပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment