၂၀၂၄၊ ဒီဇင်ဘာ ၁၉
အကြမ်းဖက်လှုပ်ရှားမှုတွင် ပါဝင်သော တရားခံ(၃)ဦးအား စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး ၁၇-၁၂-၂၀၂၄ ရက်နေ့က ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရပါသည်။
မြောင်မြို့နယ်၊ ပရိမ္မကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့ထဲသို့ဝင်ရောက်၍ အကြမ်းဖက်သင်တန်းတက်ရောက်ခြင်း၊ သင်တန်းဆင်းပြီးနောက်ရွာတွင် ကင်းစောင့်ပေးခြင်း၊ လုံခြုံရေးစစ်ကြောင်းများအား ချောင်းမြောင်းတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည့် တရားခံ ရှိုင်းထက်အောင် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ် ၇နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
သံတွဲမြို့နယ်၊ ရှင်းအောင်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့များနှင့် အဆက်အသွယ်ရှိသည့် အမျိုးသမီးတစ်ဦးနှင့် တရားမဝင်ပေါင်းသင်းနေထိုင်ခြင်း၊ CDM ပြုလုပ်၍ PDF အကြမ်းဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရန်စီစဉ်နေသည့် တရားခံ မင်းထက်ကျော်အား အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)၊ ၅၂(ခ) အရ အလုပ်နှင့်ထောင်ဒဏ် ၇ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
မြောင်မြို့နယ်၊ သရက်သာကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်များနှင့်အဆက် အသွယ်ပြုလုပ်၍ နိုင်ငံ့ဝန်ထမ်းများအား CDM ပြုလုပ်ရန် စည်းရုံးသိမ်းသွင်းခြင်း၊ အကြမ်းဖက် အုပ်စုဝင်အဖွဲ့များနှင့် အဆက်အသွယ်ရှိခြင်းတို့ကြောင့် တရားခံ ခင်ခင်မိုးအား အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၂ (က)၊ ၅၂(ခ) အရ အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment