ရွှေတောင်မြို့တွင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ကျန်းမာရေးဆိုင်ရာသုတေသနသတင်းအချက်အလက်များကောက်ယူ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့တွင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ကျန်းမာရေးဆိုင်ရာသုတေသနသတင်းအချက်အလက်များကောက်ယူ ဆောင်ရွက်




ရွှေတောင်,  ဒီဇင်ဘာ ၁၉


ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးသန့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းမြအေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများပူးပေါင်း၍မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ကျန်းမာရေးဆိုင်ရာသုတေသနသတင်းအချက်အလက်များကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း သားဖွားဆောင်တွင် ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးသန့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းမြအေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများ သတင်းအချက်အလက်များကောက်ယူမှုအတွက် ဖိတ်ခေါ်ထားသော ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအားကျန်းမာရေးအသိပညာပေး ဆွေးနွေးဟောပြောပြီး သတင်းအချက်အလက်များကောက်ယူခြင်းနှင့်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။


ယင်းနောက် ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အသင်းဝင်များက အဆိုပါသတင်းအချက်အလက်ကောက်ယူရာတွင် ပူးပေါင်းပါဝင်ခဲ့သော ကိုယ်ဝန်ဆောင်မိခင်(၂၁)ဦး၊ နို့တိုက်မိခင်(၂၀)ဦး စုစုပေါင်း(၄၁)ဦးတို့အတွက်အိုင်အိုဒင်းဆား၊ ကြက်ဥ၊ အာဟာရဖြည့်အစားအစာများနှင့် ဂုဏ်ပြုငွေများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)