ငပုတော , ဒီဇင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ကျောင်းစု (၁) ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ (၂) နာရီခွဲအချိန်က ရွှေမြကွင်း (အ.လ.က) ကျောင်း အားကစားကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရွှေမြကွင်း (အ.လ.က) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စုစုရည်က တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးအတွက် ယခုလိုပြိုင်ပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်းနှင့် ကျန်းမာရေးကောင်းမွန်ရန်အတွက် အားကစားကို လေ့လာလိုက်စားရမည်ဖြစ်ပြီး အားကစားယှဉ်ပြိုင်ရာတွင် ကျောင်းသားကျောင်းသူများအနေဖြင့် အားကစားစိတ်ဓာတ် ထားရှိကာ ယှဉ်ပြိုင်ကစားကြသွားပါရန် မိမိအနေဖြင့်တိုက်တွန်းပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထိုသို့ ကျင်းပရာတွင် (ကျား) ဘောလုံးအသင်းနှင့် (မ) ထုပ်စီးထိုးပြိုင်ပွဲများကို မြို့နယ်အတွင်းရှိ ကျောင်းစု (၁) (အ.မ.က) ဥယျာဉ်ကုန်းကျောင်း၊ (အ.မ.က) မြို့မ (၁) ကျောင်း၊ ရွှေမြကွင်း (အ.လ.က) ကျောင်းနှင့် (အ.မ.က-၃) ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဥ်ပြိုင်ကြမည်ဖြစ်ကြောင်းနှင့် အဆိုပါ အားကစားပြိုင်ပွဲများကို ဒီဇင်ဘာလ (၁၈) ရက်နေ့မှ (၂၁) ရက်နေ့အထိ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment