ဒဂုံအရှေ့, ဒီဇင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ် (၁၇၃/က)၊ ဖန်ချက်ဝန် ဦးရွှေအိုးလမ်းရှိ Yangon Oscar Fashion Co.ltd အထည်ချုပ်စက်ရုံဝန်းအတွင်း GENTURBO (500)KVA Generator တွင် ယမန်နေ့ ည ၇ နာရီ ၅၀ မိနစ် အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းမှာ မီးစက်နှိုးထားခဲ့ပြီး အင်ဂျင်နှိုးသည့် Battery သို့ အားပြန်သွင်းသည့်ကြိုး အပူလွန်ကဲ၍ Pannel Board တွင် မီးထွက်ပေါ်ပြီး အနီးရှိ ဒီဇယ်ပေပါပေါ်သို့ မီးပွားများကျရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်(၁၀၄) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၆၇) ဦးတို့မှ မီးငြှိမ်းသတ်ယာဉ် (၁၃) စီး၊ မီးသတ်ရေသယ်ယာဉ် (၈) စီး၊ အထောက်အကူပြုယာဉ် (၃) စီး၊ အုပ်ချုပ်မှုယာဉ် (၁) စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၁၃ မိနစ် အချိန်တွင် မီးအား အပြီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။
အေးမဉ္ဇူ
https://t.me/MyanmarNationalPost

No comments:
Post a Comment