ကျိုင်းတုံမြို့နယ် လွိုင်မွေဒေသတွင် စတုတ္ထအကြိမ် ချယ်ရီပန်းပွဲတော်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့နယ် လွိုင်မွေဒေသတွင် စတုတ္ထအကြိမ် ချယ်ရီပန်းပွဲတော်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်သွားမည်



ကျိုင်းတုံ၊ ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် လွိုင်မွေဒေသ တွင် စတုတ္ထအကြိမ် ချယ်ရီပန်းပွဲတော်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ အတွင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (ရှမ်းပြည်နယ်)မှ သိရသည်။

အဆိုပါ ချယ်ရီပန်းပွဲတော်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ပထမအကြိမ် စတင်ကျင်းပပြုလုပ်ခဲ့ပြီး လာမည့် ၂၀၂၅ ခုနှစ်တွင် စတုတ္ထအကြိမ်အဖြစ် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ "ချယ်ရီပန်းပွင့်တဲ့ကာလမှာ ပွဲတော်ကာလကို ငါးရက်သတ် မှတ်ပြီး ကျင်းပမှာဖြစ်ပါတယ်။ ပန်းပွင့်စုံတဲ့အချိန်ကို မှန်းရတာနဲ့ ပန်းပွင့်တဲ့ အနေအထားပေါ် မူတည်ပြီး ပြုလုပ်ရတာဖြစ်တဲ့ အတွက် ပွဲတော်ကျင်းပမဲ့ရက်ကို တော့ တိတိကျကျ မသတ်မှတ်ရ သေးပါဘူး။ ဒါကြောင့် ဇန်နဝါရီ လဆန်းပိုင်းလောက်မှာပဲ ကျင်းပသွားနိုင်မယ်ဆိုတာကို ပြောလို့ရပါသေးတယ်။ ဒီဒေသမှာ အင်္ဂလိပ်လက်ထက်က စိုက်ပျိုးခဲ့တဲ့ ချယ်ရီပန်းပင်တွေရှိသလို ခေတ်အဆက်ဆက် စီမံချက်နဲ့စိုက်ပျိုးထားတဲ့ ချယ်ရီပင်တွေကလဲ ရှိတာကြောင့် ချယ်ရီပန်းပွင့်ချိန်ဆို တစ်တောလုံးချယ်ရီပန်းတွေနဲ့ လွှမ်းခြုံနေတတ်ပါတယ်”ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ရှမ်းပြည်နယ်)မှ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ပြောပြသည်။

အဆိုပါ ပန်းပွဲတော်တွင် ဒေသခံတိုင်းရင်းသားများ၏ ရိုးရာ အကအလှများဖြင့် ဖျော်ဖြေပေး ခြင်း၊ ဒေသခံတိုင်းရင်းသား အဆို တော်များက တေးဂီတဖျော်ဖြေ ပေးခြင်းနှင့် ဒေသထွက်ကုန် ရောင်းချခြင်းများလည်းပါဝင်မည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ရှမ်းပြည် နယ်)မှ သိရသည်။


ASH

Join - https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)