ရန်ကုန်၊ ဒီဇင်ဘာ ၂၈
နေပြည်တော်၌ ကျင်းပမည့် ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲအတွက် ရွှေကြိုမောင်မယ် များ နောက်ဆုံးအဆင့် ရွေးချယ်ပွဲ ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၅ ရက် တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ သိရသည်။
အဆိုပါ မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲအတွက် ရွှေကြိုမောင်မယ် များ ပဏာမလူတွေ့စစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့ပြီး လာရောက်ရွေးချယ်ခံကြသည့် မောင်မယ်ဦးရေ၂၈၀ ကျော်အနက် မောင်မယ်ဦးရေ၉၀ ကိုပထမအဆင့် အဖြစ်လည်းကောင်း၊ ဒီဇင်ဘာ ၂၂ ရက်က မောင်မယ်ဦးရေ ၉၀ အနက် မောင်မယ် ၅၅ ဦးကို ဒုတိယအဆင့် အဖြစ်လည်းကောင်း ရွေးချယ်ခဲ့ကြောင်း သိရသည်။
"ပဏာမအဆင့် မောင်မယ် ၂၈၀ ကနေ ပထမအဆင့် မောင် မယ် အယောက် ၉၀၊ အဲဒီကနေ ဒုတိယအဆင့် မောင်မယ် ၅၅ ယောက် ရွေးချယ်ထားပါတယ်။ ရွှေကြိုအမျိုးသား ၂၅ ယောက်နဲ့ ရွှေကြိုအမျိုးသမီး အယောက် ၃၀ ဖြစ်ပါတယ်။ အဲဒီထဲက လာမဲ့ ဇန်နဝါရီ၅ရက်မှာ မောင်မယ်အယောက် ၂၀ လောက် အပြီးသတ်ရွေးချယ်မှာ ဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပြသည်။
အဆိုပါ နောက်ဆုံးအဆင့် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရသည့် ရွှေကြိုမောင်မယ်များအနေဖြင့် Tik Tok တွင် Trend ဖြစ်သည့် အကြောင်းအရာများအနက် မိမိနှစ်သက်သည့် အကြောင်းအရာ တစ်ခုကို ရွေးချယ်ရိုက်ကူးထား သော Tik Tok Video ကို ရွှေကြို ရွေးချယ်ရေးအဖွဲ့၏ Telegram သို့ ပေးပို့ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ကျပန်းဇာတ်ကောင်စရိုက်များဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဗဟုသုတ ကျပန်းမေးခွန်းများ ဖြေကြားရမည်ဖြစ်ကြောင်း သိရသည်။
ASH
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment