ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ(၂၀၂၅)ညှိနှိုင်းအစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ(၂၀၂၅)ညှိနှိုင်းအစည်းအဝေး ကျင်းပ


နေပြည်တော်၊ ဒီဇင်ဘာ ၂၄

ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ညီလာခံကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီဝင်များနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅)ကို ဇန်နဝါရီ ၉ ရက်မှ ၁၀ ရက်အထိ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီအသီးသီးမှ ဥက္ကဋ္ဌများအနေဖြင့် လစ်ဟာမှုမရှိစေရန် မိမိတို့တာဝန်ယူထားသော လုပ်ငန်းကဏ္ဍများအလိုက် ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင် ဝိုင်းဝန်းဆောင်ရွက်ကြစေ လိုပါကြောင်း၊ ယခုအခါတွင် စာတမ်းများကို အပြီးသတ်စိစစ်ရွေးချယ်ပြီး ဖြစ်ပါကြောင်း၊ ပြခန်းများ ခင်းကျင်းပြသရာတွင် ပိုစတာနှင့် Table Show ပြသခြင်းနှင့်ပတ်သက်ပြီး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးဆုံးဖြတ်ပေးကြစေ လိုကြောင်း၊ နိုင်ငံတကာအဆင့် သုတေသနညီလာခံဖြစ်သဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရည်အသွေးမြင့်မားသော အသုံးချသုတေသန ညီလာခံဖြစ်ထွန်းလာစေရေးကို ဝိုင်းဝန်း ပူးပေါင်းဆွေးနွေးပေးကြစေလို ကြောင်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က လုပ်ငန်းများဆောင်ရွက်နေမှု အဆင့်ဆင့်နှင့် ဆုံးဖြတ်ရန်အချက်များကို ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)