ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အမှတ်(၃၅)၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ပန်းလှိုင်လမ်းရှိ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်က ရပ်ကွက်အုပ်ချုပ်ရေးမှူး သည် ရုံးလုပ်ငန်းများလုပ်ဆောင်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သိရသည်။
အခင်းဖြစ်ပွားစဉ် ရပ်ကွက်အုပ်ချုပ်ရေးရုံးအတွင်း အုပ်ချုပ်ရေးမှူး ဦးစန်းငွေ တစ်ဦးတည်းသာရှိကြောင်း ဒဏ်ရာရရှိသူ ဦးစန်းငွေမှာ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဝဲဝမ်းဗိုက်ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ဒဏ်ရာ ရရှိခဲ့ပြီးရန်ကုန်ဆေးရုံကြီး အရေးပေါ်လူနာဌာနသို့ ပို့ဆောင်ထားကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်အား တာဝန်ရှိလုံခြုံရေးအဖွဲ့တို့က အကြမ်းဖက်သမား တရားခံရှာဖွေဖော်ထုတ်ဖမ်းဆီးရေး အသေးစိတ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment