နေပြည်တော်၊ ဒီဇင်ဘာ ၃
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နိုဝင်ဘာလ ၃၀ ရက်နေ့ ၁၇၀၀ အချိန် မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့၊ နားလည်ကျေးရွာအနီးတွင် လုံးမူ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ ဘိန်းဆီခဲ အလေးချိန် ၄၅၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၉ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၈၀၀ အချိန် ရှဲဖ အား မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့၊ ထူးဒေါ့ကျေးရွာရှိ ၎င်း၏နေအိမ်ခြံဝင်းအတွင်းမှ ဘိန်းဖြူ အလေးချိန် ၁.၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၁၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် လုံးမူ(၂၅)နှစ် နှင့် ရှဲဖ(၃၀)နှစ်တို့အား မိုင်းခုတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment