ယူကရိန်း ဆယ်ကျော်သက်တွေ တိုင်းပြည်အတွင်းကထွက်ပြေးဖို့ ပြင်ဆင်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်း ဆယ်ကျော်သက်တွေ တိုင်းပြည်အတွင်းကထွက်ပြေးဖို့ ပြင်ဆင်နေ


၂၀၂၄၊ ဒီဇင်ဘာ ၇

အမေရိကန်က ယူကရိန်းအစိုးရကို စစ်သားစုဆောင်းရန်အတွက် အသက်နိမ့်ပြီးခေါ်ရန်အတွက် ဖိအားများပေး သောကြောင့် ယူကရိန်း ဆယ်ကျော်သက်အများအပြားသည် တိုင်းပြည်တွင်းမှ ထွက်ပြေးပြီးဘယ်တော့မှ ပြန်မလာရန်အတွက် ပြင်ဆင်နေကြသည်ဟုThe Times သတင်းတွင် ဖော်ပြထားသည်။

ယခုသီတင်းပတ် အစောပိုင်းတွင် ရာထူမှ ထွက်ခွာသွားသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်က “ကျွန်တော်တို့က အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား အရွယ်လူငယ်များအား ရုရှားကို မတိုက်ခိုက်ခိုင်းပါဘူး ” ဟု ပြောဆိုခဲ့သည်မှာ မမှန်ပေ။ “လူငယ်တွေကို တိုက်ပွဲထဲကို သွင်းဖို့၊ ကျွန်တော်တို့ တော်တော်များများက လိုအပ်တယ်လို့ ထင်ပါတယ်” ဟု ၎င်းက အလေးအနက် ပြောကြားခဲ့သည်။

ကြာသပတေးနေ့ထုတ် ဆောင်းပါးတစ်ပုဒ်တွင်၊ ခါကော့ဗ် မြို့မှ ဆယ်ကျော်သက်တစ်ဦးနှင့် အင်တာဗျူးကို ကိုးကား၍ ၎င်း၏ သူငယ်ချင်း အများအပြားသည် ယခုအခါ နိုင်ငံရပ်ခြားတွင် ကျောင်းတက်ရန် ရွေးချယ်နေကြသည်ဟု ဆိုသည်။

“နိုင်ငံခြားမှာ တက္ကသိုလ်သွားတက်တာက စစ်တပ်ထဲဝင်ဖို့ထက်တော့ အန္တရာယ်မရှိလောက်ပါဘူး” ဟု ပိုလန်တွင် ပညာသင်ကြားရန် စီစဉ်ထားပြီး ဘွဲ့ရပြီးနောက် ပြန်မလာနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

"ကျောင်းပြီးသွားတဲ့အခါ ယူကရိန်းကို ပြန်မလား ဒါမှမဟုတ် အဲဒီမှာပဲနေမလား ဆိုရင် အဲ့ဒိမှာပဲနေတာက  ပိုလုံခြုံမယ်၊ ဗုံးတွေကျလာမှာ မဟုတ်ဘူး၊ ကိုယ့်သဘောဆန္ဒမပါဘဲ စစ်ပွဲအတွက် စည်းရုံးခံရမယ့် အန္တရာယ်မရှိဘူး" ဟု ၎င်းက ပြောသည်။ The Times နဲ့ စကားပြောခဲ့တဲ့ နောက်ထပ် ဆယ်ကျော်သက် လူငယ်ကလည်း နိုင်ငံခြား မှာ အဆင့်မြင့်ပညာ သင်ကြားချင်တယ်လို့ ဆိုပါတယ်။

ယူကရိန်းမှာ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်ကြား အမျိုးသားဦးရေဟာ အနည်းဆုံး ၃၀၀,၀၀၀ ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ကုလသမဂ္ဂ အချက်အလက်များအရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် မော်စကိုနှင့် ကိယက်ဗ်တို့ကြား ဖြစ်ပွားခဲ့သော ပဋိပက္ခများ ပြင်းထန်လာချိန်မှစ၍ အနည်းဆုံး ယူကရိန်းနိုင်ငံသား ၆.၈ သန်းသည် နိုင်ငံတွင်းမှ ထွက်ပြေးခဲ့ပြီး ဒုက္ခသည်များ ဖြစ်လာခဲ့ကြသည်။ ၎င်းတို့အနက် အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ပြီး စစ်မှုထမ်းနိုင်သည့် အသက်အရွယ် အမျိုးသားများကို နိုင်ငံရပ်ခြားသို့ ခရီးသွားခြင်းကို ပိတ်ပင်ထားကြသည်။


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)