ရုရှားအပေါ် ပိတ်ဆို့မှုအသစ်ထပ်လုပ်တာကို အီးယူ အဖွဲ့ဝင် ၂ နိုင်ငံက တားမြစ်လို့ ဆုံးဖြတ်ချက်မချနိုင်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားအပေါ် ပိတ်ဆို့မှုအသစ်ထပ်လုပ်တာကို အီးယူ အဖွဲ့ဝင် ၂ နိုင်ငံက တားမြစ်လို့ ဆုံးဖြတ်ချက်မချနိုင်ခဲ့


၂၀၂၄၊ ဒီဇင်ဘာ ၇ 

ဥရောပသမဂ္ဂ ( အီးယူ) က ရုရှားနိုင်ငံကို ၁၅ ကြိမ်မြှောက် ပိတ်ဆို့မှု အသစ်တစ်ရပ် ချမှတ်ရန်အတွက် ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြိုတွင် အဖွဲ့ဝင်နိုင်ငံများ သောကြာနေ့က အစည်းအဝေးလုပ်ရာ အမည်မဖော်သော အဖွဲ့ဝင်၂ နိုင်ငံက မထောက်ခံခဲ့သဖြင့် ပိတ်ဆို့မှုအသစ်အဆို အထမမြောက်ခဲ့ကြောင်း သိရပါသည်။ 

ပိတ်ဆို့မှုအသစ်တွင် ရုရှားနိုင်ငံထုတ် ရေနံထွက်ပစ္စည်းများ ဖြစ်ရာ ဥရောပ နိုင်ငံအချို့မှာ အခြားရင်းမြစ်များမှ ရေနံထုတ်ပစ္စည်းများကို မရနိုင်သဖြင့် ရုရှားနိုင်ငံထုတ် ရေနံ ရင်းမြစ်များကိုသာသုံးစွဲနေရပါသည်။ ပြင်သစ် သတင်းဌာန ပေါ်လက်တီကိုတွင် ပိတ်ဆို့မှုအသစ်ကို မထောက်ခံသော နိုင်ငံများမှာ လက်ဗီးယားနှင့် လစ်သူရေးနီးယားနိုင်ငံတို့ ဖြစ်ကြောင်းဖော်ပြထားသည်။ 

စလိုဗက်ကီးယားနှင့် ဟန်ဂေရီနိုင်ငံတို့ကလည်း ရုရှားမှာ ရေနံစိမ်းများဝယ်ယူပြီး ပြန်လည်သန့်စင်ကာ တိုင်ပြည် အတွက်လိုအပ်နေသော လောင်စာရင်းမြစ်ကို ဖန်တီးနေရသည်။ ရုရှားမှ ရေနံဝယ်သုံးနေရသော အီးယူအဖွဲ့ဝင် နိုင်ငံများအနေဖြင့် အခြားစွမ်းအင်ရင်းမြစ်မရနိုင်မချင်း ရုရှား၏ရေနံပိုက်လိုင်များကို သုံးနေရမှာဖြစ်သဖြင့် နောက်ထက် ၆ လ သို့မဟုတ် ၁ နှစ်မျှ ယခုအသစ်ပြုလုပ်သော ပိတ်ဆို့မှုကို ရွှေ့ဆိုင်ပေးရန်တောင်းဆို ထားသည်။ 

ယူကရိန်းနိုင်ငံကမူ ရုရှားနှင့်အတူ ဆာဗီးယား၊ အီရန်၊ တရုတ်၊ အိန္ဒိယ၊ ယူအေအီး နှင့် ထိုင်း နိုင်ငံတို့အားလည်း ပိတ်ဆို့မှု ချမှတ်ပေးရန်အတွက် အဆိုပါအစည်းအဝေးတွင် အဆိုတင်သွင်းခဲ့သည်။ အကြောင်းကမူ ရုရှားနိုင်ငံအတွက် စစ်လက်နက်ပစ္စည်း ဝယ်ယူနိုင်ရန် အဆိုပါနိုင်ငံများက စီးပွားရေးဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှု လုပ်သောကြောင့် ဟု အကြောင်းပြထားသည်။ ၎င်းအပြင် မြောက်ကိုရီးယားနိုင်ငံကိုလည်း ပိတ်ဆို့မှု ပြင်းပြင်းထန်ထန် လုပ်ရန်လည်း တောင်းဆိုထားသည်။ 


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)