ကနေဒါ ရွှေတူးကုမ္ပဏီ ပိုင်ရှင်ကို မာလီအစိုးရ ဖမ်းမိန့်ထုတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကနေဒါ ရွှေတူးကုမ္ပဏီ ပိုင်ရှင်ကို မာလီအစိုးရ ဖမ်းမိန့်ထုတ်


၂၀၂၄၊ ဒီဇင်ဘာ ၇

မာလီအစိုးရသည် ကနေဒါနိုင်ငံမှ Barrick Gold Corporation ရွှေတူးကုမ္ပဏီပိုင်ရှင် မာခ့်ဘရစ္စတူး အား ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း ထုတ်ပြန်လိုက်သည့် စာရွက်စာတမ်းကို ကိုးကား၍ ကြာသပတေးနေ့က ဒေသဆိုင်ရာမီဒီယာများက ဖော်ပြခဲ့သည်။ အနောက်အာဖရိကနိုင်ငံတစ်ခုဖြစ်သည့် မာလီနိုင်ငံတွင် အခွန်မဆောင်ရသေးသည့် ကမ္ဘာ့ဒုတိယအကြီးဆုံး သတ္တုတွင်းကုမ္ပဏီနှင့် ယင်းလုပ်သားများ အငြင်းပွားမှု ဖြစ်ပွားနေချိန်တွင် ယခုကဲ့သို့ ဝရမ်းအကပ်ခံလိုက်ရခြင်း ဖြစ်သည်။ 

ပြင်သစ်ကိုလိုနီဟောင်းမာလီနိုင်ငံမှ အာဏာပိုင်များသည် ကုမ္ပဏီ၏ သတ္တုတွင်းလုပ်ငန်းစု၏ အထွေထွေ မန်နေဂျာ ကိုလည်း ဖမ်းဝရမ်းထုတ်ခဲ့သည်။ သူတို့ နှစ်ဦးစလုံးသည် အနောက်အာဖရိကစီးပွားရေးနှင့် ငွေကြေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ငွေကြေးခဝါချမှုနှင့် ငွေကြေးစည်းမျဉ်းများကို ချိုးဖောက်သည်ဟု စွပ်စွဲခံထားရကြောင်း Maliweb သတင်းဌာနက ဖော်ပြခဲ့သည်။

မာလီနိုင်ငံသည် ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပြီး အာဖရိကတိုက်၏ ထိပ်တန်းရွှေထုတ်လုပ်သည့် နိုင်ငံများထဲမှ တစ်ခု ဖြစ်သည်။  Barrick ကုမ္မဏီသည် မှ မာလီနိုင်ငံအတွင်း၌ ရွှေထုတ်လုပ်မှု ၈၀% ပိုင်ဆိုင်သည့် လျူလို နှင့် ဂိုအန်ကိုတို သတ္တုတွင်းများကဲ့သို့သော အကြီးစားတူးဖော်မှုလုပ်ငန်းများ ပိုင်ဆိုင်ထားပြီး နှင့် မာလီအစိုးရမှာ ၂၀ % သာပိုင်ဆိုင်သည်။ ၂၀၂၀ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မာလီ ခေါင်းဆောင်အသစ်များက ရွှေဈေးနှုန်း များ ဆက်လက်မြင့်တက်နေသဖြင့် နိုင်ငံတော်ဝင်ငွေတိုးရန် ရွှေထုတ်လုပ်ရေးကဏ္ဍမှ ဝင်ငွေပိုမို ရှာဖွေခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် မာလီအစိုးရက မည်သည့် စီမံကိန်းအသစ်မဆို ၃၀ % အထိ ပိုင်ဆိုင်ခွင့်ပေးထားသော သတ္တုတွင်းဥပဒေအသစ်ကို အတည်ပြုခဲ့သည်။

မာလီနိုင်ငံ၏ အကြီးဆုံးရွှေထုတ်ကုမ္ပဏီ Barrick က ၎င်းကိစ္စကို အစိုးရနှင့် ညှိနှိုင်းနေပေမဲ့ ယနေ့အထိ အဆင်မပြေသေးချေ။  မာလီအစိုးရက Loulo-Gounkoto ရွှေတူးဖော်ရေး စက်ရုံမှ ဝန်ထမ်းလေးဦးကို  စွဲချက်တင်ပြီး ဖမ်းဆီးထိန်းသိမ်းထားလိုက်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ကုမ္ပဏီပိုင်ရှင်က နိုင်ငံခြားသို့ တိမ်းရှောင်နေပြီး သတင်းသမားများကို မည်သည့်မှတ်ချက်မျှ မပေးခဲ့ပါ။ ဩစတေးလျှ ရွှေထုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် Resolute Mining သည်လည်း ယခုကဲသို့ ပြဿနာဖြစ်ပွားပြီး ဝန်ထမ်း၄ယောက်ကို အစိုးရက ဖမ်းခေါ်သွားသဖြင့် ကန်ဒေါ်လာ သန်း၁၆၀ ဖြင့် ပြန်ရွေးထုတ်ခဲ့ရသည်။ 


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)