ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ရန်ကုန်မြို့ရှိ ဝန်ကြီးဌာန၏ ရုံးအဆောက်အအုံများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ရန်ကုန်မြို့ရှိ ဝန်ကြီးဌာန၏ ရုံးအဆောက်အအုံများ ကြည့်ရှုစစ်ဆေး


ရန်ကုန်၊ ဒီဇင်ဘာ ၈

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမ်းနားလမ်းနှင့် လသာလမ်းထောင့်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) အဆောက်အအုံ အကြီးစားပြုပြင်နေမှုနှင့် ဗိုလ်အောင်ကျော်လမ်းရှိ စီမံကိန်းရေးဆွဲရေးအဆောက်အဦတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူကြီးကြပ်ဆောင်ရွက်နေသည့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) လသာလမ်းအဆောက်အအုံတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အဆောက်အအုံဦးစီးဌာနမှ တာဝန်ရှိသူများက အကြီးစားပြုပြင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အဆောက်အအုံအကြီးစားပြင်ဆင်မှုအား စံချိန်စံညွှန်းမီစွာဖြင့် သတ်မှတ်ချိန်အတိုင်း ပြီးစီးအောင်ဆောင်ရွက်ရန်၊ မူလပုံစံမပျက်စေဘဲ စနစ်တကျ ပြုပြင်ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး ဂရုပြုဆောင်ရွက်ရန်တို့ကို မှာကြားသည်။

ဆက်လက်၍ ဗိုလ်အောင်ကျော်လမ်းရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာန အဆောက်အအုံသို့ ရောက်ရှိပြီး ဆောင်ရွက်ရမည့် ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်၍ ဆောင်ရွက်ကြရန် မှာကြားသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းတွင် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန(ရန်ကုန်ရုံးခွဲ) သို့ ရောက်ရှိပြီး မော်ကွန်းပြခန်း၊ သုတေသီဝန်ဆောင်မှုအခန်း၊ မော်ကွန်း/မှတ်တမ်းအခန်းများ၊ Digitization အခန်း၊ Micro Film ရိုက်ကူးခန်း၊ မော်ကွန်းပြုပြင်ထိန်းသိမ်းခန်းနှင့် ရုံးအဆောက်အအုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ရုံးခွဲမှ ဝန်ထမ်းများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ ဦးစီးဌာနများမှ တိုင်းတာဝန်ခံများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားပြီး ဌာနများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)