ကာလိ , ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ဒီဇင်ဘာလ (၈) ရက်နေ့က ကာလိမြို့ရပ်ကွက်များအတွင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကာလိမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်း၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးရဲမင်းဟိန်းနှင့် ဝန်ထမ်းများ၊ ရဲတပ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများတို့က ကာလိမြို့ ရပ်ကွက်အတွင်းရှိ Gas အိုးဖြည့်ခြင်းလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော ဆိုင်များတွင် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခဲ့ပြီး Gas အိုးများကို ဖြည့်ရာတွင် ဂရုတစိုက်ဆောင်ရွက်ရန်၊ မကောင်းသော Gas အိုးများကို အသုံးမပြုရန်၊ မီးကိုမပေါ့ဆကြရန်နှင့် မီးလောင်ပါက ပစ္စည်းဆုံးရှုံးမှုသာမက အသက်အိုးအိမ်များပါ ပျက်စီးဆုံးရှုံးတတ်ကြောင်း ၊မီးဘေးလုံခြုံရေးအတွက် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်ကိုက်ညီမှု ရှိစေရေး မီးဘေးလုံခြုံရေးဆိုင်ရာပစ္စည်းများ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို အသိ ပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ကာလိ
https://t.me/MyanmarNationalPost
No comments:
Post a Comment