လှည်းကူးမြို့နယ် အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဦးသူရိယ က အဓမ္မဝါဒဖြစ်ကြောင်း စောဒနာလွှာအား ပလပ်ပယ်ချ‌ပေးရန် တန်ပြန် တင်ပြတိုင်ကြားချက်အရ အဋ္ဌမအကြိမ် မဟနအဖွဲ့ ၄၇ ပါး စုံညီ အဋ္ဌာရသမ အစည်းအဝေးသို့ တင်ပြခြင်းကိစ္စအကြောင်း လေ့လာသုံးသပ်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ် အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဦးသူရိယ က အဓမ္မဝါဒဖြစ်ကြောင်း စောဒနာလွှာအား ပလပ်ပယ်ချ‌ပေးရန် တန်ပြန် တင်ပြတိုင်ကြားချက်အရ အဋ္ဌမအကြိမ် မဟနအဖွဲ့ ၄၇ ပါး စုံညီ အဋ္ဌာရသမ အစည်းအဝေးသို့ တင်ပြခြင်းကိစ္စအကြောင်း လေ့လာသုံးသပ်ချက်


2008 ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဝိနည်းဓမ္မကံ ဥပဒေများအရ နိုင်ငံတော်သည် အဓမ္မဝါဒများကို အသိအမှတ်မပြုကြောင်း လေ့လာတွေ့ရှိရသည်။ အဓမ္မဝါဒများသည် နိုင်ငံတော်အကြီးအကဲကြီးများက မာရဝိဇယစေတီတော်ကြီးအနီး၌ တည်ထားပူဇော်အပ်သော ဆဋ္ဌသင်္ဂါယနာတင် ပိဋကသုံးပုံ ကျောက်စာတော် ဓမ္မစေတီများနှင့် တိုက်ရိုက် ဆန့်ကျင်နေကြောင်း ‌စိစစ်တွေ့ရှိရသည်။

ယခုအခါမှာတော့  နိုင်ငံတော်သံဃမဟာနာယကအ ဖွဲ့၏ ဆုံးဖြတ်ချက်သည် တိတိကျကျ ပြတ်ပြတ်သားသား ဖြစ်ထွန်းတည်ရှိလာပြီ ဖြစ်သည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးနှင့် ဒုတိယ ဥက္ကဋ္ဌရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုတရားသူကြီးချုပ်ရုံး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌရုံး အသီးသီးတို့ကလည်း ဥပဒေနှင့်အညီ ပြတ်ပြတ်သားသား တိတကျကျ ဆောင်ရွက်လာနိုင်တော့မည်ဟု ယုံကြည်ရသည်။


၁။ 

အဓမ္မဝါဒဖြစ်ကြောင်း စောဒနာလွှာ

အဓမ္မဝါဒဖြစ်ကြောင်း စောဒနာလွှာဆိုသည်မှာ လှည်းကူးမြို့နယ် အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဦးသူရိယနှင့် အပေါင်းအပါများ၏ ‌ဖေ့စ်ဘုတ်စာမျက်နှာများ ယူကျုစာမျက်နှာများအပေါ်  လွှင့်တင်ဖြန့်ချိထားသည့် ဟောပြောချက်များ၊ တင်ပြချက်များအား  စိစစ်သုံးသပ်၍ သင်္ဂါယနာ ၆ တန် တင်ထားသော ယခုလက်ရှိ နိုင်ငံတော်အစိုးရက အသိအမှတ်ပြုထားသော ပိဋကသုံးပုံ ပါဠိတော်များ၊ အဋ္ဌကထာများ၊ ဋီကာများနှင့် မညီညွတ်သော/ ဆန့်ကျင်သော အချက်များကို ဖော်ထုတ်ကောက်ယူပြီး နိုင်ငံတော်သံဃမဟာနာ ယကအဖွဲ့ (ဗဟိုရုံးစာဝင်စာထွက်ဌာန)၌ ၂၀၂၄ ခုနှစ် မတ်လ ၂၅ ရက်နေ့က တင်သွင်းခဲ့သည့်  ဦးအောင်မြိုင် ဦးအောင်အောင်ဇော် အပါအဝင် စောဒက ၆ ဦးတို့၏ တင်ပြလွှာနှင့် ပူးတွဲသက်သေခံများကို ဆိုလိုသည်။


အနုဝါဒ စောဒနာလွှာ

ထိုအဓမ္မဝါဒဖြစ်ကြောင်း စောဒနာလွှာ တင်သွင်းခဲ့ သည့် ၂၀၂၄ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာပင် ရဟန္တာ မဟုတ်ပါဘဲ ရဟန္တာဟု ဟောပြောနေသူ သောတာပန် မဟုတ်ပါဘဲ သောတာပန်ဟု ဟောပြောနေသူ လှည်းကူးမြို့နယ် အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဦးသူရိယ အား အသုဒ္ဓပုဂ္ဂိုလ်ဖြစ်ကြောင်း စတုတ္ထပါရာဇိက ကျ ပြီးသူဖြစ်ကြောင်း စစ်ဆေးဆုံးဖြတ်ပေးပါရန် အနုဝါဒ စောဒနာလွှာ တင်သွင်းခဲ့ကြသည်ဟု သိရသည်။


ကျောက်သင်္ဘောဝါဒ တိုင်ကြားလွှာ

ထိုအဓမ္မဝါဒဖြစ်ကြောင်း စောဒနာလွှာ တင်သွင်းခဲ့ သည့် ၂၀၂၄ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာပင် လှည်းကူးမြို့နယ် အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဦးသူရိယနှင့် အပေါင်းအပါများသည် နိုင်ငံတော်က တားမြစ်ပိတ်ပင်ထားသော ကျောက်သင်္ဘောဝါဒဟု ခေါ်သည့် အဓမ္မဝါဒများကို ပြန်လည်ဖော်ထုတ် ‌ဟောပြောနေမှုကြောင့် ဝိနည်းဓမ္မကံ ဥ‌ပဒေ ပုဒ်မ ၆/၁၀ အရ အရေး ယူပေးပါရန် တိုင်ကြားလွှာ တင်သွင်းခဲ့ကြသည်ဟုလည်း သိရသည်။ 


၂။ တာဝန်ကျ မဟနအဖွဲ့ (ပထမအဖွဲ့ခွဲ)၏ ၁၅-၅-၂၀၂၄ ရက်နေ့ ၁၅ ပါး အစည်းအဝေး

ဖော်ပြပါ အဓမ္မဝါဒ စောဒနာလွှာ အနုဝါဒ စောဒနာလွှာ  တိုင်ကြားလွှာ မှုခင်း ၃ မျိုးနှင့် ပတ်သက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဗဟိုရုံးစာဝင်စာထွက်ဌာန)က တာဝန်ကျ မဟနအဖွဲ့ (ပထမအဖွဲ့ခွဲ)၏ ၁၅-၅-၂၀၂၄ ရက်နေ့ ၁၅ ပါး အစည်းအဝေးသို့ အဓမ္မဝါဒ စောဒနာလွှာနှင့် အနုဝါဒ စောဒနာလွှာ မှုခင်း ၂ မျိးကိုသာ တင်ပြခဲ့သည်ဟု သိရသည်။ 

ကျောက်သင်္ဘောဝါဒဟု ခေါ်သည့် အဓမ္မဝါဒများကို ပြန်လည်ဖော်ထုတ် ‌ဟောပြောနေမှုကြောင့် ဝိနည်းဓမ္မကံ ဥ‌ပဒေ ပုဒ် မ ၆/၁၀ အရ အရေးယူပေးပါရန် တိုင်ကြားလွှာကို မတင်ပြဘဲ ထိန်ချန်ထားခဲ့သည်ဟု သိရသည်။


တိုင်ကြားလွှာမှုခင်းကို မတင်ပြဘဲ ထိန်ချန်ထားခြင်း

၁။ အဓမ္မဝါဒ စောဒနာလွှာ ✓ 

အစည်းအဝေးသို့ တက်သည်။ 

၂။ အနုဝါဒ စောဒနာလွှာ ✓

အစည်းအဝေးသို့ တက်သည်။ 

၃။ တိုင်ကြားလွှာ ×

အစည်းအဝေးသို့ တက်ခွင့်မရ။ 

တာဝန်ကျ မဟနအဖွဲ့ (ပထမအဖွဲ့ခွဲ)က စစ်ဆေးခွင့်မရ။ 

အစည်းအဝေးသို့ တက်ရောက်လာသော အဓမ္မဝါဒ စောဒနာလွှာ ✓အနုဝါဒ စောဒနာလွှာ ✓တို့နှင့် ပတ် သက်၍ တာဝန်ကျ မဟနအဖွဲ့ (ပထမအဖွဲ့ခွဲ)၏ ၁၅ ၅ ၂၀၂၄ ရက်နေ့ ၁၅ ပါး အစည်းအဝေးက သတ္တရသမအကြိမ် ၄၇ အစည်းအဝေးသို့ တင်ရန်ဟု မှတ်ချက်ပြခဲ့ကြသည်ဟု သိရသည်။


၃။

စောဒက ၆ ဦးတို့၏ တင်ပြချက်များကို အခြေခံပြု၍ တင်ပြခြင်း

#တာဝန်ကျ မဟနအဖွဲ့ (ပထမအဖွဲ့ခွဲ)၏ ၁၅-၅-၂၀၂၄ ရက်နေ့ ၁၅ ပါး အစည်းအဝေးက  သတ္တရသမအကြိမ် ၄၇ အစည်းအဝေးသို့ တင်ရန်ဟု ပြုလုပ်ခဲ့သော မှတ်ချက်အရ ၂၀၂၄ ခုနှစ် ဇူ လိုင်လ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပသော သတ္တရသမအကြိမ် ၄၇ အစည်းအဝေးသို့ တင်ပြခဲ့ကြသည်ဟု သိရသည်။

ထိုသို့တင်ပြသည်မှာ   ဦအောင်မြိုင်၊ ဦးအောင်အောင်ဇော် အပါအဝင် စောဒက ၆ ဦးတို့က တင်ပြထားသည့် တင်ပြချက်များကို အခြေခံပြု၍ တင်ပြခြင်းဖြစ် သည်ဟု သိရသည်။


မဟနအဖွဲ့ ၄၇ ပါး စုံညီ သတ္တရသမ အစည်းအဝေး

မဟနအဖွဲ့ ၄၇ ပါး စုံညီ သတ္တရသမအကြိမ် အစည်း အဝေးသို့  ပါဝင်လာသည်မှာ -

၁။ အဓမ္မဝါဒ စောဒနာလွှာ ✓နှင့် အနုဝါဒ စောဒနာလွှာ ✓၂ မျိးသာဖြစ်ကြောင်း၊ တိုင်ကြားလွှာ × မှုခင်းသည် သတ္တရသမအကြိမ် ၄၇ အစည်းအဝေးသို့ တက်ခွင့်မရကြောင်း သတ္တရသမအကြိမ် ၄၇ အစည်းအဝေးက စစ်ဆေးခွင့်မရရှိကြောင်း တွေ့ရသည်။

အဘယ်ကြောင့်ဆိုသော် တာဝန်ကျ မဟနအဖွဲ့ (ပထမအဖွဲ့ခွဲ)၏ ၁၅-၅-၂၀၂၄ ရက်နေ့ ၁၅ ပါး အစည်းအဝေး ကတည်းက ထိန်ချန်ဖျောက်ဖျက်ထားခြင်းကြောင့် ဖြစ်သည်။ 


မဟနအဖွဲ့ ၄၇ ပါး စုံညီ သတ္တရသမ အစည်းအဝေး၏ ဆုံးဖြတ်ချက်

သတ္တရသမအကြိမ် ၄၇ အစည်းအဝေးက  

၁။ တာဝန်ကျအဖွဲ့ခွဲက ဆက်လက်ဆောင်ရွက်ရန် 

၂။ အဓမ္မဝါဒ စောဒနာလွှာအတွက် သောဓနာလွှာ တောင်းရန်

၃။ အနုဝါဒ စောဒနာလွှာမှုခင်းကို အဓမ္မဝါဒမှုခင်း စစ်ဆေးဆုံးဖြတ်ပြီးမှ ဆက်လက်ဆောင်ရွက်ရန် 

လောလောဆယ် ယာယီ ဆိုင်းငံ့ထားရန်ဟူ၍ ဆုံးဖြတ် ထားကြောင်း သိရသည်။ 


အထက်ပါ ဆုံးဖြတ်ချက်အရ အဓမ္မဝါဒ စောဒနာလွှာကို သတ္တရသမအကြိမ် ၄၇ အစည်းအဝေးက  ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းအဖြစ် လက်ခံလိုက်သည်ဟု သိရသည်။ အနုဝါဒ စောဒနာလွှာမှုခင်းကို ဝိနည်းဓမ္မ ကံ အဓိကရုဏ်းမှုခင်းအဖြစ် လောလောဆယ် မဆောင်ရွက်သေးကြောင်း သိရသည်။  အနုဝါဒစောဒ နာလွှာကို  ပလပ်ပယ်ချခြင်းမဟုတ်သည့်အတွက် စောဒကများက ထပ်မံ တင်သွင်းရန် မလို။ ‌အနုဝါဒစောဒနာလွှာ ရောက်ရှိပြီးသား ဖြစ်သည်ဟု သိရသည်။


၄။

တာဝန်ကျ တတိယအဖွဲ့ခွဲ၏ ဆက်လက်ဆောင်ရွက်ချက် 

အထက်ပါအတိုင်း သတ္တရသမအကြိမ် ၄၇ အစည်းအဝေးက  တာဝန်ကျအဖွဲ့ခွဲက ဆက်လက်ဆောင် ရွက်ရန်ဟု ဆုံးဖြတ်ထားချက်အရ တာဝန်ကျ တတိယအဖွဲ့ခွဲက ဇူလိုင်လ ၆ ရက်နေ့မှ စတင်တာဝန်ယူပြီး ဇူလိုင်လ ၁၆ ရက်စွဲပါ အကြောင်းကြားစာ ထုတ်ပြန်ခဲ့ကြောင်း လှည်းကူးမြို့နယ်၊ အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဦးသူရိယထံ ပေးပို့အကြောင်းကြားခဲ့ကြောင်း သိရသည်။ 

အကြောင်းကြားစာတွင် အဓမ္မဝါဒ စောဒနာလွှာကို လာရောက်ထုတ်ယူရန် ၂၁ ရက် အတွင်း သောဓနာလွှာ တင်သွင်းရန် ဖော်ပြထားကြောင်း တွေ့ရသည်။ 

ထို့ပြင် လိပ်မူခြင်းကို ဆက်ကပ်ပါရန် ဦးသူရိယ အရိယာမဏ္ဍိုင်တောရရိပ်သာစသည်ဖြင့် တိုက်ရိုက် လိပ်မူထားကြောင်း တွေ့ရသည်။ နည်းလမ်းတကျ ဆိုလျှင် ဆက်ကပ်ပါရန် ဥက္ကဋ္ဌဆရာတော် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဟု တပ်ပြီး တိုင်းဒေသကြီး သံဃနာယကအဖွဲ့ထံ ပို့ရမည်ဖြစ်ကြောင်း တစ်ဖန် တိုင်းဒေသကြီး သံဃနာယကအဖွဲ့မှ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌထံ ပို့ရမည်ဖြစ်ကြောင်း မြို့နယ်သံဃနာယ ကအဖွဲ့မှ ဦးသူရိယ အရိယာမဏ္ဍိုင်တောရရိပ်သာသို့ ပို့ရမည်ဖြစ်ကြောင်း သိရသည်။ ယခု ထုတ်ပြန်သည့် ဆုံးဖြတ်ချက်စာနှင့် တိုက်ဆိုင်စစ်ဆေးကြည့်နိုင်သည်။ 


မှတ်ချက်။ အထက်ပါ ဆုံးဖြတ်ချက် ၃ ချက်နှင့် စပ် လျဉ်း၍ နံပါတ် ၂ ဆုံးဖြတ်ချက်အတွက်သာ စာထွက်ထားကြောင်း တွေ့ရသည်။ နံပါတ် ၃ ဆုံးဖြတ်ချက်အတွက် စာထွက်ထားခြင်းမရှိဟု သိရသည်။ 


လှည်းကူးမြို့နယ် အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဦးသူရိယသည် အဓမ္မဝါဒဖြစ်ကြောင်း စောဒနာလွှာကို ဩဂုတ်လ ၉ ရက်နေ့တွင် လာရောက်ထုတ်ယူခဲ့ပြီး သောဓနာလွှာ မတင်ဘဲ တာဝန်ကျ တတိယအဖွဲ့ခွဲ၏ ညွှန်ကြားချက်ကို ဆန့်ကျင်ခဲ့သည်ဟု သိရသည်။


၅။ 

အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဦးသူရိယမှ ပြန်လှန် တိုင်ကြားခြင်း

လှည်းကူးမြို့နယ် အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဦးသူရိယသည် အဓမ္မဝါဒ စောဒနာလွှာကို ထုတ်ယူပြီးနောက် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၀ ရက်စွဲပါ တင်ပြစာဖြင့် ပြန်လှန်တိုင်ကြားခဲ့သည်ဟု သိရသည်။ 

တိုင်ကြားစာတွင် လှည်းကူးမြို့နယ် အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဦးသူရိယသည်  ကျောက်သင်္ဘောဝါဒဟု ခေါ်သည့် အဓမ္မဝါဒများကို ဖော်ထုတ်ဟော ပြောနေသူ မဟုတ်ပါဘဲလျက် လှည်းကူးမြို့နယ် အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဦးသူရိယသည်  ကျောက်သင်္ဘောဝါဒဟု ခေါ်သည့် အဓမ္မဝါဒများကို ဖော်ထုတ် ‌ဟောပြောနေသူဖြစ်ကြောင်း အဓမ္မဝါဒစောဒနာလွှာ၌ ဖော်ပြထားသည်ကို တွေ့ရပါသဖြင့် အဓမ္မဝါဒ စောဒနာလွှာသည် မမှန်မကန် ရေးသားဖော်ပြထားသည့် စောဒနာလွှာ ဖြစ်နေခြင်းကြောင့် အဓမ္မဝါဒ စောဒနာလွှာကို ပလပ်ပယ်ချပေးတော်မူပါရန် နှင့် မမှန်မကန် ရေးသားဖော်ပြတိုင်ကြားသူ စောဒက ၆ ဦးအား အရပ်ဘက်ဥပဒေအရ အရေးယူခွင့်ပြုပေးတော်မူပါရန်ဟူ၍ တောင်းဆိုထားကြောင်း သိရသည်။ 

လှည်းကူးမြို့နယ်၊ အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဦးသူရိယ၏ အထက်ပါ ပြန်လှန်တိုင်ကြားစာအရဆို လျှင် အဓမ္မဝါဒ စောဒနာလွှာ၌ မမှန်မကန် ရေးသားဖော်ပြထားကြောင်း စောဒက ၆ ဦးသည် မမှန်မကန် ရေးသားဖော်ပြသူများဖြစ်၍ လူလိမ်များဖြစ်ကြောင်း ဟူ၍ ဆိုလိုတာဖြစ်ကြောင်း တွေ့ရသည်။ 


အထူးသတိပြုမိရန်မှာ 

ကျောက်သင်္ဘောဝါဒဟု ခေါ်သည့် အဓမ္မဝါဒများကို ဖော်ထုတ်ဟောပြောနေသူဖြစ်ကြောင်း အဓမ္မဝါဒ စောဒနာလွှာ၌ ဖော်ပြထားသည်ကို တွေ့ရပါသဖြင့် အဓမ္မဝါဒ စောဒနာလွှာသည် မမှန်မကန် ရေးသားဖော် ပြထားသည့် စောဒနာလွှာ ဖြစ်နေခြင်းကြောင့်ဟု အ ကြောင်းပြ၍ အဓမ္မဝါဒ စောဒနာလွှာကို ပလပ်ပယ်ချနိုင်ရန် တာဝန်ကျ မဟနအဖွဲ့ (ပထမအဖွဲ့ခွဲ)၏ ၁၅-၅-၂၀၂၄ ရက်နေ့ ၁၅ ပါး အစည်းအဝေး မတိုင်မီက တည်းက ဦးသူရိယတို့အဖွဲ့ သားများ ၎င်းတို့၏ အကျိုးဆောင်များဖြစ်သည့် ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်း ကျွမ်းကျင်သူ ပညာရှင်များ

မဟနဗဟိုရုံးစာဝင်စာထွက်ဌာနမှ တာဝန်ရှိသူများ တာဝန်ကျ မဟနအဖွဲ့ (ပထမအဖွဲ့ခွဲ)မှ ခေါင်းဆောင်များ 

ပူးပေါင်းတိုင်ပင်ညှိနှိုင်းပြီး အကွက်ဆင်ထားသည်ဟု ယူဆနိုင်ဖွယ်ရှိသည်။ သံသယဖြစ်ဖွယ်ရှိသည်။


အဘယ့်ကြောင့်ဆိုသော် ဦးအောင်မြိုင်၊ ဦးအောင်အောင်ဇော် အပါအဝင် တိုင်ကြားသူ ၆ ဦးတို့၏ တိုင် ကြားလွှာနှင့် ပူးတွဲသက်သေခံများကို မဟနဗဟိုရုံးစာဝင်စာထွက်ဌာနမှ တာဝန်ရှိသူများက တာဝန်ကျ မဟနအဖွဲ့ (ပထမအဖွဲ့ခွဲ)၏ ၁၅ ၅ ၂၀၂၄ ရက်နေ့ ၁၅ ပါး အစည်းအဝေးသို့ မတင်ပြဘဲ ထိန်ချန်ဖျောက်ဖျက်ထားခြင်းကြောင့် ဖြစ်သည်။


၆။

လူလိမ်များသည် ဘယ်သူများ ဖြစ်သနည်း

အကယ်၍ ဦးအောင်မြိုင် ဦးအောင်အောင်ဇော် အပါအ ဝင် တိုင်ကြားသူ ၆ ဦးတို့၏ တိုင်ကြားလွှာနှင့် ပူးတွဲသက်သေခံများကို  တာဝန်ကျ မဟနအဖွဲ့ (ပထမအဖွဲ့ခွဲ)၏ ၁၅-၅-၂၀၂၄ ရက်နေ့ ၁၅ ပါး အစည်းအဝေးသို့ မဟနဗဟိုရုံးစာဝင်စာထွက်ဌာနမှ တာဝန်ရှိသူများက တင်ပြပေးရန် တာဝန်ရှိသည့်အတိုင်း တင်ပြပေးခဲ့ပါက အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဦးသူရိယအနေဖြင့် ကျောက်သင်္ဘောဝါဒဟု ခေါ်သည့် အဓမ္မဝါဒများကို ဖော်ထုတ်ဟောပြောနေသူဖြစ်ကြောင်း အဓမ္မဝါဒ စောဒနာလွှာ၌ ဖော်ပြထားသည်ကို တွေ့ရပါသဖြင့် အဓမ္မဝါဒ စောဒနာလွှာသည် မမှန်မကန် ရေးသားဖော်ပြထားသည့် စောဒနာလွှာ ဖြစ်နေခြင်းကြောင့် အဓမ္မဝါဒ စောဒနာလွှာကို ပလပ်ပယ်ချပေးတော်မူပါရန် မမှန်မကန် ရေးသားဖော်ပြတိုင်ကြားသူ စောဒက ၆ ဦးအား အရပ်ဘက်ဥပဒေအရ အရေးယူခွင့်ပြုပေးတော်မူပါရန်ဟူ၍ တင်ပြတောင်းဆိုနိုင်မည် မဟုတ်ပေ။ 


မှန်ပါသည်။ 

တာဝန်ကျ မဟနအဖွဲ့ (ပထမအဖွဲ့ခွဲ)၏ ၁၅-၅-၂၀၂၄ ရက်နေ့ ၁၅ ပါး အစည်းအဝေးသို့ ဦးအောင်မြိုင် ဦးအောင်အောင်ဇော် အပါအဝင် တိုင်ကြားသူ ၆ ဦးတို့၏ တိုင်ကြားလွှာနှင့် ပူးတွဲသက်သေခံများကို မဟနဗဟိုရုံးစာဝင်စာထွက်ဌာနမှ တာဝန်ရှိသူများက မတင်ပြဘဲ ထိန်ချန်ဖျောက်ဖျက်ထားသော တိုင်ကြားလွှာနှင့် ပူးတွဲသက်သေခံများဆိုသည်မှာ လှည်းကူးမြို့နယ် အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဦးသူရိယနှင့် အပေါင်းအပါများသည် နိုင်ငံတော်က တားမြစ်ပိတ်ပင်ထားသော ကျောက်သင်္ဘောဝါဒဟု ခေါ်သည့် အဓမ္မဝါဒများကို ပြန်လည်ဖော်ထုတ် ‌ဟောပြောနေမှုကြောင့် ဝိနည်းဓမ္မကံ ဥ‌ပဒေ ပုဒ်မ ၆/၁၀ အရ အရေး ယူပေးပါရန် တိုင်ကြားလွှာ ဖြစ်သည်ဟု သိရသည်။ 


လှည်းကူးမြို့နယ် အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဦးသူရိယနှင့် အပေါင်းအပါများသည် နိုင်ငံတော်က တားမြစ်ပိတ်ပင်ထားသော ကျောက်သင်္ဘောဝါဒဟု ခေါ်သည့် အဓမ္မဝါဒများကို ပြန်လည်ဖော်ထုတ် ‌ဟော ပြောနေမှုကြောင့် ဝိနည်းဓမ္မကံ ဥ‌ပဒေ ပုဒ်မ ၆/၁၀ အရ အရေးယူပေးပါရန် တိုင်ကြားလွှာကို ထိန်ချန်ဖျောက်ဖျက်ထားပြီး ကျောက်သင်္ဘောဝါဒဟု ခေါ်သည့် အဓမ္မဝါဒများကို ဖော်ထုတ်ဟောပြောနေသူဖြစ်ကြောင်း အဓမ္မဝါဒ စောဒနာလွှာ၌ ဖော်ပြထားသည်ကို တွေ့ရပါသဖြင့် အဓမ္မဝါဒ စောဒနာလွှာသည် မမှန်မကန် ရေးသားဖော်ပြထားသည့် စောဒနာလွှာ ဖြစ်နေခြင်းကြောင့် အဓမ္မဝါဒ စောဒနာလွှာကို ပလပ်ပယ်ချပေးတော်မူပါရန်ဟူ၍ တင်ပြတောင်းဆိုထားသည်မှာ အလွန်အံ့ဩစရာ ကောင်းနေသည်။ ပူးပေါင်းကြံစည်၍ အကွက်ချ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ပေါ်လွင်ထင်ရှားလွန်းနေသည်။ 


လိမ်လည်တင်ပြသူများသည် 

၁။ ဦးအောင်မြိုင် ဦးအောင်အောင်ဇော် အပါအဝင် စောဒက ၆ ဦးတို့လား 

၂။ လှည်းကူးမြို့နယ် အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဦးသူရိယနှင့် အပေါင်းအပါများလား 

ဤမေးခွန်း၌ အဖြေမှန်မှာ လိမ်လည်တင်ပြသူများသည် လှည်းကူးမြို့နယ် အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဦးသူရိယနှင့် အပေါင်းအပါများဖြစ်ကြောင်း အလွန်မှပင် ပေါ်လွင်ထင်ရှားနေ‌လေ‌တော့သည်။ 


၇။

တာဝန်ကျ မဟနအဖွဲ့ (တတိယအဖွဲ့ခွဲ)၏ ၄ ၉၂၀၂၄ ရက်နေ့ ၁၅ ပါး အစည်းအဝေး

အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဦးသူရိယမှ ပြန်လှန် တိုင်ကြာစာကို တာဝန်ကျ မဟနအဖွဲ့ တတိယအဖွဲ့ခွဲ က ပယ်ချရမည်ကို မပယ်ချဘဲ လက်ခံပြီး -

၁။ အဓမ္မဝါဒ စောဒနာလွှာကို ပလပ်ပယ်ချ‌ပေးရန် 

၂။  စောဒက ၆ ဦးအား အရပ်ဘက်ဥပဒေအရ အရေး ယူခွင့်ပြုပေးရန် အလွန်အမင်း ဝီရိယ ကြီးစွာ အား ထုတ်ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။ တာဝန်ကျ မဟနအဖွဲ့ (တတိယအဖွဲ့ခွဲ)၏ အဆိုပါ အစည်းအ ဝေးက အဋ္ဌာရသမအကြိမ် ၄၇ အစည်းအဝေးသို့ တင်ရန်ဟု ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။ လှည်းကူးမြို့နယ် အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဦးသူရိယ၏ တန်ပြန်တိုင်ကြားလွှာကို မဟနအဖွဲ့ ကတိကဝတ် ၄ ချက်အရ ပယ်ချရမည် ဖြစ်ပါလျက် မပယ်ချဘဲ လက်ခံဆောင်ရွက်ထားခြင်းဖြစ်ကြောင်း အဋ္ဌာရသမအကြိမ် ၄၇ အစည်းအဝေးသို့ တင်ရန်ဟု မှတ်ချက်ပြုထားကြောင်း သိရသည်။ 


၈။

အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဦးသူရိယ၏ တင်ပြချက်များကို အခြေခံပြု၍ တင်ပြခြင်း

တာဝန်ကျ မဟနအဖွဲ့ (တတိယအဖွဲ့ခွဲ)၏ ၄-၉ -၂၀၂၄ ရက်နေ့ ၁၅ ပါး အစည်းအဝေးက အဋ္ဌာရသမအကြိမ် ၄၇ အစည်းအဝေးသို့ တင်ရန်ဟု ပြုလုပ်ထားသော မှတ်ချက်အရ ၂၀၂၄ ခုနှစ် နိုဝင်ဘာလလ ၁၈ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပသော အဋ္ဌာရသမအကြိမ် ၄၇ အစည်းအဝေးသို့ တင်ပြခဲ့ကြသည်ဟု သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌရုံးနှင့် ဒုတိယဥက္ကဋ္ဌရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုတရားသူကြီးချုပ်ရုံး၊ အဂတိလိုက်စားမှု တိုက်ဖျက်‌ရေးကော်မရှင်ဥက္ကဋ္ဌရုံး အသီးသီးတို့က  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ တိတိကျကျ ဆုံးဖြတ်ချက်ကို စောင့်နေကြရသည်ဟု ထင်မြင်ရသည်။ 


ယခုအခါမှာတော့  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်သည် တိတိကျကျ ပြတ်ပြတ်သားသား ဖြစ်ထွန်းတည်ရှိလာပြီ ဖြစ်သည်။ 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးနှင့် ဒုတိယဥက္ကဋ္ဌရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုတရားသူကြီးချုပ်ရုံး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌရုံး အသီးသီးတို့ကလည်း ဥပဒေနှင့်အညီ ပြတ်ပြတ်သားသား တိတိကျကျ ဆောင်ရွက်လာနိုင်တော့မည်ဟု ယုံကြည်ရလေတော့သည်။


မဟနအဖွဲ့ကြီး၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ခဲ့ခြင်း

မဟနဥက္ကဋ္ဌအသစ်နှင့် မဟနအကျိုးတော်ဆောင်အသစ်တို့သည် -

က။ သာသနာကို ကာကွယ်စောင့်ရှောက်သူ ဓမ္မကို ကာကွယ်စောင့်ရှောက်သူဟူ၍ မှတ်တမ်းဝင်သွားကြပြီ ဖြစ်သည်။

ခ။ မဟန ၄၇ ပါး အဖွဲ့ကြီး၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်သူဟူ၍ မှတ်တမ်းဝင်သွားကြပြီ ဖြစ်သည်။ 

ဂ။ သာသနာအတွက် ဓမ္မအတွက် ဆောင်ရွက်သူ ဦးအောင်မြိုင်တို့ကို အ‌ထိုက်အလျောက် ကယ်တင်စောင့်ရှောက်ပေးသူဟူ၍ မှတ်တမ်းဝင်သွားကြပြီ ဖြစ်သည်။ 

မဟနဥက္ကဋ္ဌအသစ်နှင့် မဟနအကျိုးတော်ဆောင်အသစ် ဆရာတော်ကြီး ၂ ပါးကို သာသနာအတွက် ဓမ္မအတွက် မဟနအဖွဲ့ကြီး၏ ဂုဏ်သိက္ခာအတွက် ရိုသေ‌လေးစားစွာ ရှိခိုးပူဇော်ဂုဏ်ပြုအပ်ပါသည်။ 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အဖခြခံဥပဒေနှင့် ဝိနည်းဓမ္မကံ ဥပဒေများအရ နိုင်ငံတော်သည် အဓမ္မဝါဒများကို အသိအမှတ်မပြုကြောင်း လေ့လာတွေ့ရှိရသည်။ အဓမ္မဝါဒများသည် နိုင်ငံတော်အကြီး အကဲကြီးများက မာရဝိဇယစေတီတော်ကြီးအနီး ၌ တည်ထားပူဇော်အပ်သော ဆဋ္ဌသင်္ဂါယနာတင် ပိနကသုံးပုံ ကျောက်စာတော် ဓမ္မစေတီများနှင့် တိုက်ရိုက် ဆန့်ကျင်နေကြောင်း ‌စိစစ်တွေ့ရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

ရန်ကုန်သတင်းအဖွဲ့မှ 

မေးမြန်းစုံစမ်း ပြုစုတင်ပြပါသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)