ကချင်ပြည်နယ်ဝန်ကြီးချုပ် ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်ကူးပွဲတော်သို့ တက်ရောက်အားပေးချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်ကူးပွဲတော်သို့ တက်ရောက်အားပေးချီးမြှင့်








မြစ်ကြီးနား၊ ဒီဇင်ဘာ ၃၀

ကချင်ပြည်နယ်အတွင်း အတူတကွ ပေါင်းစည်းနေထိုင်ကြသော ကရင်တိုင်းရင်းသားတို့၏ ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း (၁)ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ယနေ့ နံနက် ၆ နာရီက မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်အတွင်းရှိ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။

အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ တက်ရောက်အားပေးခဲ့ကြရာ အခမ်းအနားကို ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ သဘာပတိအဖွဲ့ဝင်များက ဦးဆောင်၍ စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးအောင်မင်းကြည်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ကရင်တိုင်းရင်းသား သက်ကြီး အဘိုး/အဘွားများအား အမှတ်တရ ဂါဝရပြုလက်ဆောင်များပေးအပ်သည်။      

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေဖြင့် တိုင်းရင်းသားပေါင်းစုံ ချစ်ခင် စည်းလုံးစွာနေထိုင်ရာ ပြည်နယ်တစ်ခုဖြစ်ပြီး ယနေ့ ပြည်နယ်အတွင်း နေထိုင်ကြသည့် ကရင်တိုင်း ရင်းသားများ၏ နှစ်သစ်ကူးအခါသမယကို ယခုလို ချစ်ခင်ရင်းနှီးစွာ အတူနေထိုင် ဆင်နွှဲခွင့်ရသည့် အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ကရင်တိုင်းရင်းသားတို့၏ ရိုးသားအေးချမ်းမှု၊ ရဲရင့်ပြတ် သားမှု၊ ကတိသစ္စာကြီးမားမှုတို့ကို အသိအမှတ်ပြု ဂုဏ်ယူရသည့်အပြင် စာပေ၊ ယဉ်ကျေးမှု ဓလေ့ ထုံးစံများကို   တန်ဖိုးထား၍ လက်ဆင့်ကမ်းထိန်းသိမ်းကြရန် အလေးအနက်ထား တိုက်တွန်းလိုပါ ကြောင်း၊ ထို့အပြင် ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းဖြင့် ဂုဏ်ပြုပြောကြားသည်။

ဆက်လက်၍ ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများအတွက် နှစ်သစ်ကူးလက်ဆောင်များကို ဂါရဝပြုပေးအပ်ရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၂၀ ကို တာဝန်ရှိသူများထံ ပြန်လည်ပေးအပ် ချီးမြှင့်ခဲ့သည်။

ယင်းနောက် ကရင်တိုင်းရင်းသားလူငယ်/ မောင်မယ်များက ရိုးရာဝါးညှပ်အက၊ ကရင်ဒုံးယိမ်းအက စသည့် ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က အကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကာ ဘုရားကျောင်း၌ ကရင်တိုင်းရင်းသား အဝတ်အထည်များ ပြသရောင်းချနေမှုကို အားပေးခဲ့ကြသည်။      

အဆိုပါ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းက နှစ်စဉ် ဦးဆောင်ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် နံနက် (၆)နာရီက စတင်၍ နိုင်ငံတော်အလံနှင့်အတူ ကရင်အမျိုးသားအလံလွှင့်ထူခြင်း၊ လူငယ်များအတွက် ကရင်နှစ်သစ်ကူးနေ့အကြောင်း၊ ကရင်အမျိုး သားအလံနှင့် ဖားစည်အကြောင်းတို့ကို ရှင်းလင်းပြောကြားခြင်းနှင့် ရိုးရာအကပဒေသာများဖြင့် ဖျော်ဖြေခြင်းနှင့် ကလေးများအား ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)