နေပြည်တော်၊ ဒီဇင်ဘာ ၃၀
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်အတွင်း နေပြည်တော်ကောင်စီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်နေသည့် အမှုထမ်းအိမ်ရာများနှင့် အပျိုဆောင်/လူပျိုဆောင်များ ဆောက် လုပ်ရေး လုပ်ငန်းခွင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီရုံးဝင်းအတွင်း နေပြည်တော်ကောင်စီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက် နေသည့် ( ၂၂၂ ပေ × ၄၄ ပေ) သံကူကွန်ကရစ် နှစ်ထပ် အဆောက်အဦ အပျိုဆောင် တစ်လုံ တည် ဆောက်နေမှု အခြေအနေနှင့် အမှုထမ်းအိမ်ရာ ခြောက်ခန်းတွဲ လေးထပ် သံကူကွန်ကရစ် အဆောက်အဦတစ်လုံး တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိ ရပ်ကွက်အတွင်း နေပြည်တော်ကောင်စီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်နေသည့် အမှုထမ်းအိမ်ရာ ခြောက်ခန်းတွဲ လေးထပ်(2-Bed) သံကူကွန်ကရစ် အဆောက်အဦ ကိုးလုံး တည်ဆောက်နေမှု အခြေအနေများကိုလည်းကောင်း၊ ဘောဂသိဒ္ဓိရပ်ကွက် အတွင်း ( ၂၂၂ ပေ × ၄၄ ပေ) သံကူကွန်ကရစ် နှစ်ထပ်အဆောက်အဦ လူပျိုဆောင် တစ်လုံး တည် ဆောက်နေမှု အခြေအနေကိုလည်းကောင်း၊ ( ၂၂၂ ပေ × ၄၄ ပေ) သံကူကွန်ကရစ် နှစ်ထပ် အဆောက် အဦ အပျိုဆောင် နှစ်လုံ တည်ဆောက်နေမှု အခြေအနေများကိုလည်းကောင်း လှည့်လည် ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ရေရှည်ခိုင်ခံ့ရေး၊ အရည်အသွေးကောင်းမွန်ရေး၊ သတ်မှတ်စံချိန်စံ ညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးရေးတို့ကို အလေးထား ဆောင်ရွက်ရ မှာဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အမျိုးသား ပရဆေးဥယျာဉ်သို့ သွားရောက်၍ ပရဆေးဥယျာဉ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ ဆေးဘက်ဝင် ပရဆေးပျိုးပင်များ ပြုစုထိန်းသိမ်းထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ပရဆေးဥယျာဉ်အတွင်းရှိ ပရဆေးပျိုးပင်များ၊ ဆေးဘက်ဝင်အပင်များ စိုက်ပျိုးထားရှိမှု အခြေအနေနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက် ထားရှိမှုအခြေအနေများက်ု ရှင်းလင်းတင်ကြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမျိုးသားပရဆေးဥယျာဉ်အား ပြည်သူလူထုအနေဖြင့် တိုင်းရင်းဆေးပညာဆိုင်ရာ ဗဟုသတရရှိစေပြီး အပန်းဖြေစေနိုင်သည့် ဥယျာဉ်ကြီးတစ်ခုဖြစ်စေရေး ဆောင်ရွက်သွားရန်၊ သန့်ရှင်းသာယာလှပရေးကို အမြဲမပြတ်ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment