ဗန်းမောက်၊ ဒီဇင်ဘာ ၃၀
ဗန်းမောက်မြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့တွင် ၂၇-၁၂-၂၀၂၄ ရက်နေ့က NUG, PDF အကြမ်းဖက်အဖွဲ့ဝင် တရားခံ(၃)ဦးအား စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ ပြီး ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်၊ စက်တောကျေးရွာတွင် နေထိုင်လျက်ရှိပြီး CDM ဆရာ/ဆရာမများ ပူးပေါင်းပါဝင်ပြုလုပ်သော အစည်းအဝေးသို့တက်ရောက်ခြင်း၊ NUG မှ တရားမဝင်ဖွင့်လှစ်သည့် မူလတန်းအဆင့်စာသင်ကျောင်းကို စတင်ဖွင့်လှစ်ခြင်း၊ ဗန်းမောက်မြို့နယ်၊ ပင်လည်ဘူးမြိုနယ်နှင့် အင်းတော်မြိုနယ်တို့မှ ကျောင်းသား/သူများအား လိုင်ဇာသို့ပို့ဆောင်ပေးခြင်း၊ KIA အဖွဲ့မှ ခရီးစရိတ်ထောက်ပံ့မှုအား လက်ခံခြင်း၊ ကျောင်းသား/သူများအား အနီးကပ်ကြပ်မတ်ရန် လိုင်ဇာသို့ သွားရောက်ခြင်းများပြုလုပ်ခဲ့သည့် တရားခံ ဟန်သူမြင့်အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)နှင့် ရာဇသတ် ကြီးပုဒ်မ ၅၀၅-က(ဂ)အရ ထောင်ဒဏ်တစ်သက်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
အလားတူ ရွှေဘိုမြို့နယ်၊ စောင်းတန်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး ၎င်းတို့၏ ဖုန်းများအတွင်း၌ PDF အကြမ်းဖက်သမားများနှင့် ဆက်သွယ်ပြောဆိုထားခြင်း၊ PDF အကြမ်းဖက်အဖွဲ့ဝင်များအား အကြမ်းဖက်သမားများမှန်း သိရှိလျက်နှင့် သက်ဆိုင်ရာသို့ သတင်းပေးပို့ ရန်ပျက်ကွက်ခြင်း၊ အများပြည်သူ အထိတ်တလန့်ဖြစ်စေရန်နှင့် အသက်အိုးအိမ်ပျက်စီးစေရန် ရည်ရွယ်လုပ်ဆောင်နေသော PDF အကြမ်းဖက် အဖွဲ့များထံသို ငွေကြေးနှင့်ရိက္ခာများအား ကိုယ်တိုင်ကောက်ခံ၍ ထောက်ပံ့ပေးခြင်း များပြုလပ်ခဲ့ကြသည့်တရားခံ ပိုင်ရှိုင်း(ခ) မောင်မှုနှင့် နွေးနွေးထွေးတို့ ၂ ဦးအား အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)အရ ထောင်ဒဏ်တစ်သက်ကျစီခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment