မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၈၇)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၈၇)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား တက်ရောက်






မော်လမြိုင်၊ ဒီဇင်ဘာ ၃၀

(၈၇)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဟုန်စံစီခန်းမ၌ ကျင်းပပြုလုပ်ရာ နာယကဆရာတော်ကြီးများ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နှစ်စဉ်ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျင်းပပြုလုပ်သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့သည် ကရင်တိုင်းရင်းသားများ အမြတ်တနိုး တန်ဖိုးထားကြသော၊ လူသိများသော ပွဲတော်တစ်ခုဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက်က ထိန်းသိမ်းလာခဲ့သည့် စာပေ၊ ယဉ်ကျေးမှု၊ သမိုင်း အမွေအနှစ်များကို လူငယ်မျိုးဆက်သစ်များမှ သားစဉ်မြေးဆက် လက်ဆင့်ကမ်း တာဝန်ယူထိန်းသိမ်းစောင့်ရှောက်သွားကြရမည်ဖြစ်ကြောင်း၊ ကရင်တိုင်းရင်းသားလူမျိုးများအနေဖြင့် မိမိတို့ဘိုးဘွားများ၏ လက်ဆင့်ကမ်းအမွေဖြစ်သည့် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ၊ ဒြပ်ရှိဒြပ်မဲ့အနုပညာများကို မပျောက်ပျက်စေရန် ဆက်လက်ထိန်းသိမ်းသွားကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ပေးပို့သော သဝဏ်လွှာအား ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးမှ ဖတ်ကြားခဲ့ပြီး ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း၊ တာဝန်ရှိသူတစ်ဦးမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံကို မြန်မာဘာသာဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ရန်ပုံငွေကျပ်သိန်း (၂၅၀)အား ပေးအပ်ခဲ့ပြီး ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပနိုင်ရေး လှူဒါန်းပေးခဲ့ကြသည့် အလှူရှင်များကို ဂုဏ်ပြုမှတ် တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကာ မွန်ပြည်နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းမဥက္ကဋ္ဌမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်တိုင်းရင်းသား ရိုးရာအကလှများဖြင့် ကပြဖျော်ဖြေခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ပြီး ကရင်တိုင်းရင်းသားရိုးရာ ဒုံးအဖွဲ့များ၊ မော်လမြိုင်တက္ကသိုလ် စာပေနှင့်ယဉ်ကျေးမှု ကော်မတီများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


စည်သူ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)