မိုးညှင်းနှင့် လွိုင်လင်မြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းနှင့် လွိုင်လင်မြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ


နေပြည်တော်၊ ဒီဇင်ဘာ ၂၆

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၁ နာရီတွင် မိုးညှင်းမြို့နယ် နန့်စီးအောင်ကျေးရွာအုပ်စု နန့်စီးအောင်ကျေးရွာအနီးတွင် သန်းစိုးအောင် မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် မမေဇင်ဝင်းမောင်းနှင်ပြီး မသက်သက်မာလိုက်ပါလာသည့် ဆိုင်ကယ်တို့ကို စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ ဘိန်းဖြူ ၁ ဒသမ ၅၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၇၈၂၀ နှင့် ဘိန်းစိမ်း ၁ ကီလို သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် ယင်းနေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ် တောင်နောက်ကျေးရွာအုပ်စု ဟိုတင်ကျေးရွာအနီးတွင် ကျော်စွာဝင်းမောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)