ကျောက်ကလပ်စေတီတော်ပရဝုဏ်အား ဆေးလိပ် ငွေ့ကင်းစင်ရေးနယ်မြေအဖြစ်သတ်မှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ကလပ်စေတီတော်ပရဝုဏ်အား ဆေးလိပ် ငွေ့ကင်းစင်ရေးနယ်မြေအဖြစ်သတ်မှတ်








ဘားအံ၊ ဒီဇင်ဘာ ၁၄

ခရီးစဉ်ဒေသတစ်ခုဖြစ်သော ကရင်ပြည်နယ်၊ ဘားအံမြို့၏ သမိုင်းဝင်အထင်ကရကျောက်ကလပ် စေတီတော်ပရဝုဏ်ကို ယမန်နေ့က ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် စတင်သတ်မှတ်ခဲ့သည်။

ဆေးလိပ်ငွေ့ကင်းစင်နယ်မြေကို သတ်မှတ်ခြင်းအားဖြင့် ကျန်းမာသောနေထိုင်မှုဘဝကိုရရှိသည့်အပြင် ပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးစေသည့် အန္တရာယ်ဖြစ်စေသောဓါတုပစ္စည်းများ၊ အဆိပ်အတောက်များဘေးမှကာကွယ်ခြင်းဖြင့် လာရောက်လည်ပတ်သောခရီးသွားများ တိုးပွားလာခြင်း  (Enhanced Tourism Experience)ကြောင့် စီးပွားရေးတိုးတက်လာခြင်း စသည့်အကျိုးကျေးဇူး များကိုရရှိခံစားနိုင်မည်ဖြစ်ပြီး ကျောက်ကလပ်ဆရာတော်ဘဒ္ဒန္တဝိမလ၊ ပြည်နယ်ဝန်ကြီးချုပ် ဦး‌စောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆေးလိပ်ငွေ့ကင်းစင်ကျောက်ကလပ်စေတီတော်ပရဝုဏ် တခွင်ဆိုင်းဘုတ် အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ကျောက်ကလပ်ဆရာတော်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာသူများသည် ဆေးလိပ်ငွေ့ကင်းစင်ကျောက်ကလပ်စေတီတော် ပရဝုဏ်တခွင်ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များပက်ဖျန်းပေးကြပြီး တက်ရောက်လာကြသော ဘင်ခရာ၊ ပန်းပွား၊ ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ကျောက်ကလပ်စေတီတော်အဝင်တံတား ထပ်တစ်ဖက် တစ်ချက်ရှိဆေးလိပ်ငွေ့ကင်းစင်နယ်မြေ ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များပက်ဖြန်း၍ ကျောက်ကလပ်ဘေးမဲ့ရေကန်အတွင်းရှိ သဘာဝငါးများအား ငါးစာများကျွေးခဲ့ကြသည်။

ယင်းနောက် ကျောက်ကလပ်စေတီတော်ပရဝုဏ်အတွင်း ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေအဖြစ် စတင်သတ်မှတ်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ခြင်းဖြင့် အများပြည်သူတို့၏ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုအဆင့်အတန်းမြင့်မားလာစေရေး ဆေးလိပ်ငွေ့ကင်းစင်ဘားအံတစ်ခွင်မှသည် ဆေးလိပ်ငွေ့ကင်းစင် ကရင်ပြည်နယ်တစ်ခွင်ဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။

ထို့နောက် ဒေသခံရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် စတင်သတ်မှတ်ခြင်းအခမ်းအနားတွင် ပါဝင်အားဖြည့် ကူညီပေးကြသောယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

        

စောမျိုးမင်းသိန်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)