ပေါင်မြို့နယ်၌ စိုက်ပျိုးမြေဧရိယာများမှအပ မြို့ပြဧရိယာများ၌ (၃)မိုင်ပတ်လည် Green Zone များဖော်ဆောင်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်အဝေးပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၌ စိုက်ပျိုးမြေဧရိယာများမှအပ မြို့ပြဧရိယာများ၌ (၃)မိုင်ပတ်လည် Green Zone များဖော်ဆောင်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်အဝေးပြုလုပ်


ပေါင်၊ ဒီဇင်ဘာ ၁၄

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌စိုက်ပျိုးမြေဧရိယာများမှအပ မြို့ပြဧရိယာများ၌ (၃)မိုင်ပတ်လည် Green Zone များဖော်ဆောင်ပေးရန် လုပ်ငန်းညှိနှိုင်းအစည်အဝေးကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်က ရေအရင်းအမြစ်များကို မှန်မှန်ကန်ကန်အကျိုးရှိရှိ အသုံးချနိုင်ရေးဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ ရေနှင့်ဆက်စပ်ပြီး စိမ်းလန်းစိုပြေ ‌သည့်ပတ်ဝန်းကျင်ဖော်ဆောင်ပေးရန်လိုအပ်ပါကြောင်း၊ မြို့ပြဧရိယာများ၌(၃)မိုင်ပတ်လည် အကွာအဝေးအတွင်း Green Zone များဖော်ဆောင်ပေးရန်အတွက် အိမ်ခြံဝန်းများ၊ လမ်းဘေးဝဲယာများ၌ သစ်ပင်များစိုက်ပျိုးစေရေး ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မကြာမီကာလအတွင်း ပွင့်လင်းရာသီသို့ရောက်ရှိတော့မည်ဖြစ်ပါသဖြင့် စိုက်ပျိုးထားသည့်သစ်ပင်များ ဆက်လက်ရှင်သန်ဖြစ်ထွန်းစေရေး ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍မြို့နယ်သစ်တောဦးစီးဌာနမြို့နယ်တာဝန်ခံတောအုပ်ကြီးဦးဇော်လွင်ဦးက လူထုဖြန့်ပျိုးပင်များပျိုးထောင်ခြင်း၊ မြို့ပြဧရိယာ(၃)မိုင်ပတ်လည်အတွင်းသစ်ပင်စိုက်ပျိုးခြင်း၊ကျေးရွာဧရိယာ(၁)မိုင်ပတ်လည်အတွင်းသစ်ပင်စိုက်ပျိုးခြင်းအတွက်၂၀၂၅ခုနှစ်မိုးရာသီတွင် ပျိုးပင်စုစုပေါင်း(၂၅၀၀၀)ပျိုးထောင်၍   Green Zone အတွက် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်သည်။

တဆက်တည်းမှပင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့  အလုပ်အမှုဆောင်ဦးထွန်းထွန်းဦးက စည်ပင်သာယာနယ်နမိတ်အတွင်းရှိ လမ်းဘေးဝဲယာတွင် Green Zone အတွက် သစ်ပင်များစိုက်ပျိုးပြီး ရေပေးစနစ်ဖြင့်ပြုလုပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်သွားမည့် အစီအစဉ်များကိုတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်တို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


မွန်မလေး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)