ဆိုးလ်၊ ဒီဇင်ဘာ ၆
တောင်ကိုရီးယားအာဏာရပါတီခေါင်းဆောင် Han Dong-hoon က ယွန်းဆက်ယိုအား သမ္မတ တာဝန်ထမ်းဆောင်ခြင်းမှ အမြန်ဆုံးရပ်တန့်ရန် လိုအပ်ကြောင်း ဒီဇင်ဘာ ၆ ရက်၌ ပြောကြားခဲ့သည်။
အာဏာရပါတီဖြစ်သော ပြည်သူ့အင်အားပါတီက အဆိုပါနေ့တွင် အမျိုးသားလွှတ်တော်၌ အရေးပေါ် အဆင့်မြင့်ဆုံး ကော်မတီအစည်းအဝေး ခေါ်ယူကျင်းပခဲ့ပြီး အစည်းအဝေး၌ Han Dong-hoon က အထက်ပါအတိုင်း မိန့်ခွန်းပြောကြားခဲ့သည်။
အကယ်၍ ယွန်းဆက်ယိုသည် ၎င်း၏သမ္မတတာဝန်ကို ဆက်လက်ထမ်းဆောင်ပါက ယခုအကြိမ် အရေးပေါ်စစ်အုပ်ချုပ်ရေးစသည့် လုပ်ဆောင်ချက်များ နောက်ထပ်ဖြစ်ပွားနိုင်ပြီး နိုင်ငံနှင့် ပြည်သူများကို ကြီးမားသော အန္တာရယ်အတွင်းသို့ ကျရောက်စေနိုင်သည်ဟု Han Dong-hoon က ပြောကြားခဲ့သည်။
ယွန်းဆက်ယိုသည် စစ်အုပ်ချုပ်ရေးကြေညာသည့်နေ့တွင် နိုင်ငံတော် ဆန့်ကျင်ရေး အင်အားစုများကို အကြောင်းပြု၍ စစ်တန်ပြန်ထောက်လှမ်းရေးတပ်မှူး Yeo In-hyung ကို အဓိက နိုင်ငံရေးသမားများအား ဖမ်းဆီးရန် ညွှန်ကြားခဲ့သည်ဟု Han Dong-hoon က ပြောကြားသည်။ သမ္မတက နိုင်ငံရေးသမားများအား ဖမ်းဆီးရန် ထောက်လှမ်းရေးအေဂျင်စီများကို စည်းရုံးခဲ့ကြောင်း ခိုင်လုံသော အထောက်အထားများ အတည်ပြုပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။
အာဏာရပါတီဖြစ်သော ပြည်သူ့အင်အားပါတီက ဒီဇင်ဘာ ၅ ရက်တွင် ပါတီဝင်အားလုံး မျက်နှာစုံညီ အစည်းအဝေး ခေါ်ယူကျင်းပပြီး ယွန်းဆက်ယိုအား စွဲချက်တင်မှုကို ဆန့်ကျင်ရန် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သည်။ Han Dong-hoon ၏ ဤမိန့်ခွန်းပြောကြားချက်များသည် သမ္မတအား စွဲချက်တင်မှုအဆိုအပေါ် အာဏာရပါတီ၏ ရပ်တည်ချက်ကို အပြောင်းအလဲဖြစ်စေနိုင်သည်ဟု လူထု၏ ထင်မြင်သုံးသပ်ချက်များက ယူဆကြသည်။
Ref - (Xinhua)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment