စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(အလုံ)ရှိ ဆရာ/ဆရာမများအား တွေ့ဆုံခြင်းနှင့် ကျောင်းသား/သူများ ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(အလုံ)ရှိ ဆရာ/ဆရာမများအား တွေ့ဆုံခြင်းနှင့် ကျောင်းသား/သူများ ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေး

 


မုံရွာ ,ဒီဇင်ဘာ ၆


စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်တန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီး ပညာရေးမှူးနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ ၄ ရက်၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(အလုံ)သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံကြသည်။


ဦးစွာ အမှတ်(၂)အခြေခံပညာနှင့်စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(အလုံ)မှ ကျောင်းအုပ်ကြီးက အတန်းလိုက်သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ကျောင်းဆောင်အဆောက်အဦ လိုအပ်မှုအခြေအနေများနှင့် သင်ကြားရေး ပရိဘောဂပစ္စည်းများနှင့် သင်ထောက်ထောက်ကူပစ္စည်းများ လိုအပ်မှုအခြအနေများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းဝန်းအတွင်းအပြင် အမြဲသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အဆောင်နေကျောင်းသား/သူများ ကျန်းမာရေးကောင်းမွန်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် တာဝန်ရှိသူများမှ အလေးထားဆောင်ရွက်သွားရေးနှင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၏ အိပ်ဆောင်များတွင် သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး၊ စားသောက်ရေးနှင့်နေထိုင်ရေးများ အဆင်ပြေစေရန်အတွက် လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားကာ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိ အတန်းလိုက်စာသင်ခန်းများအတွင်း အခြေခံပညာကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနေမှုများနှင့် စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ ကျောင်းသား/သူများ ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသား/သူများ၏ ပညာသင်ကြားနေမှု လိုအပ်ချက်များအား လိုက်လံမေးမြန်းကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)