ယူကရိန်းအစိုးရနဲ့ အနောက်အုပ်စုက ကုလသမဂ္ဂစည်းမျဉ်းတွေကို လိုက်နာဖို့ လိုတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းအစိုးရနဲ့ အနောက်အုပ်စုက ကုလသမဂ္ဂစည်းမျဉ်းတွေကို လိုက်နာဖို့ လိုတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဆို


၂၀၂၄၊ ဒီဇင်ဘာ ၆

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ က အမေရိကန်ဂျာနယ်လစ်တစ်ဦးဖြစ်သည့် တက်ကာကာလ်ဆန် နှင့် တွေ့ဆုံပြီး အင်တာဗျူး တစ်ခုလုပ်ခဲ့ပါသည်။ ၎င်းအင်တာဗျူးတွင် လက်ဗ်ရော့က ရုရှားအနေနဲ့ ယူကရိန်းနိုင်ငံအပေါ် အထူးစစ်ဆင်ရေးဆင်နွဲခဲ့တာနဲ့ ပတ်သက်ပြီး နဂိုရ်ကတည်းက ရှင်းရှင်းလင်းလင်းရှိကြောင်း၊ အဆုံးသတ်ရမဲ့ အချိန်ကိုလည်း ပြောပြထားပြီးကြောင်း ပြောသွားပါသည်။ 

“ကျနော်ပြောပြမယ်ဗျ။ သမ္မတပူတင်က အပစ်အခတ်ရပ်ဆဲရေးကို ငြင်းဆိုနေတယ် ဆိုပြီး မကြာခဏ မှားယွင်းပြောဆိုနေကြတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ယူကရိန်းသမ္မတ ဇီလန်စကီးက မော်စကိုအစိုးရနဲ့ စကားပြောစရာ ဘာအကြောင်းမှ မရှိဘူးလို့ ဆိုနေတာပါ။ အပစ်ရပ်ရေးကို ဘယ်သူစပြီး တားခဲ့တာလဲ။ သူ့ကို ပြောရမှာလေ” ဟု ဆိုခဲ့ပါသည်။ 

“ပြီးခဲ့တဲ့သီတင်းပတ်ကပြောခဲ့တဲ့ သမ္မတပူတင် မိန့်ခွန်းမှာ ယူကိန်းတပ်တွေ ရုရှားမြေထဲက ဆုတ်ခွာပေးရမယ်၊ ရုရှားစကားပြောတဲ့ ဒေသခံတွေရဲ့ လှုံခြုံမှုကို အာမခံပေးရမယ်၊ ပြီးတော့ နျူလက်နက်ဘေးကင်းရာ ဇုံတစ်ခုကို ကြားခံသတ်မှတ်ပေးရမယ် လို့ ပြောသွားတယ်လေ” 

“ကျနော်တို့ရဲ့ စစ်ဆင်ရေးက ရှင်းပါတယ်။ ယူကရိန်းမှာ နေတိုးဆိုတာ လုံးဝ လုံဝကို မရှိစေရဘူး။ ဘာစစ်အခြေစိုက်စခန်းမှ လာမဆောက်ရဘူး။ ဘာစစ်ရေးလေ့ကျင့်ခန်းမှ လာမလုပ်ရဘူး။ ယူကရိန်းမြေထဲမှာ ဘာနိုင်ငံခြား စစ်တပ်မှ လာပြီး မရှိရဘူး လို့ အစကတည်းက ပြောထားပြီးသားပါ” 

“ယူကရိန်းတွေက ရုရှား စကားပြောတဲ့သူတွေ၊ စာနယ်ဇင်းတွေ၊ ယဉ်ကျေးမှုတွေ၊ ကိုးကွယ်မှုတွေကို ခွဲခြားဆက်ဆံတယ်ဗျ။ အဲ့ဒါတွေနဲ့ ပတ်သက်ပြီး ကျွန်တော်လည်း သည်းမခံနိုင်ဘူးဗျ။ ကျွန်တော်တို့က ၂ဘက်ချွန် ကစားပွဲလုပ်နေတာမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်လို့ သမ္မတပူတင် ပြောတာတွေက အမှန်ပဲ။ တရားတယ်။ ယူအန်က ချာတာတွေနဲ့လည်း ကိုက်ညီတယ်။ ပထမဆုံးပြောချင်တာက လူ့အခွင့်အရေးပဲ၊ ဘာသာစကားသုံးစွဲပိုင်ခွင့်ရှိရမယ်၊ လူနည်းစုအခွင့်အရေး၊ အမျိုးသားရေးဆိုင်ရာ လူနည်းစုအခွင့်အရေး၊ ကိုးကွယ်မှုဆိုင်ရာ အခွင့်အရေးတွေ ရှိကိုရှိရမယ်” ဟု ဆိုသွားပါသည်။ 


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)