ထိုင်ဝမ်ကို အမေရိကန် က အဆင့်မြင့်လက်နက်တွေ ပို့နေပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထိုင်ဝမ်ကို အမေရိကန် က အဆင့်မြင့်လက်နက်တွေ ပို့နေပြီ


၂၀၂၄၊ ဒီဇင်ဘာ - ၂၂ ( တနင်္ဂနွေနေ့ ) 

ထောက်ပံ့ရေးကွင်းဆက် ပြဿနာကြောင့် အမေရိကန်က ထိုင်ဝမ်ကို အဆင့်မြင့်လက်နက်များ မပို့နိုင်ဘဲ ဖြစ်နေရာ ဒီသီတင်းပတ်ထဲမှာ အက်ဘရမ်တင့်ကား ၃၈ စီးကို စတင်ပို့ နိုင်ပြီလို့ ဝေါ်စထရိဂျာနယ်က ဖော်ပြခဲ့ပါတယ်။ အဲ့လို အဆင့်မြင့်လက်နက်တွေ လက်ခံရရှိဖို့အတွက် ကာလအားဖြင့် ၅နှစ်နီးပါလောက် ထိုင်ဝမ်က စောင့်ခဲ့ရတယ် လို့လည်း သိရပါတယ်။ အဓိက ပြဿနာက တရုတ်အစိုးရရဲ့ တင်းမာတဲ့ ရာဇသံကြောင့်ပဲ ဖြစ်ပါတယ်။ 

တရုတ်က ထိုင်ဝမ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တစ်နိုင်ငံတည်းဖြစ်အောင် ပေါင်းစည်းဖို့ကြိုးစားနေချိန်မှာ အမေရိကန်က ထိုင်ဝမ်ကို သီးခြားခွဲထွက်နိုင်ငံတည်ထောင်နိုင်ဖို့အတွက် အကူအညီပေးနေရတဲ့ အကြောင်းအရင်း ကတော့ ဖွံ့ဖြိုးလာတဲ့ တရုတ်ကို အနီးကပ်စောင့်ကြည့်ဖို့အတွက် မဟာမိတ်နိုင်ငံထူထောင်နေခြင်း ဖြစ်ပါတယ်။ ထိုင်ဝမ်နိုင်ငံတည်ထောင်ဖြစ်သွားပါက ဘေဂျင်းအစိုးရအတွက် အရှေ့တံခါး မလုံခြုံတော့ဘဲ ခြိမ်းခြောက်ခံ ဖြစ်သွားနိုင်ပါတယ်။ 

ကာတိုတက္ကသိုလ် မှ ကာကွယ်ရေးဆိုင်ရာ လေ့လာသုံးသပ်သူ  အီးရစ်ဂိုးမက်ရဲ့ သုံးသပ်ချက်အရဆိုရင် ထိုင်ဝမ်က အမေရိကန်ကို စစ်လက်နက်ပစ္စည်းဝယ်ဖို့အတွက် ပေးထားတဲ့ ပိုက်ဆံက ကန်ဒေါ်လာ သန်း ၂ သောင်းကျော် လောက် ရှိမယ်လို့ သိရပါတယ်။ အဲ့ထဲကမှ ၂၀၁၉ အမေရိကန်သမ္မ ဒေါ်နယ်ထရမ့် လက်ထက်တုန်းက ပေးမယ်ဆိုပြီး ကတိပြုထားတဲ့ တင့်ကား ၁၀၈ စီးထဲက ပထမအသုတ်အနေနဲ့ စရောက်လာတာပဲ ဖြစ်ပါတယ်။ တင့်ကားတွေ အပြင်အခြားစစ်ဘက်သုံးပစ္စည်းတွေကို အမေရိကန်က ထိုင်ဝမ်ကို ပို့နိုင်ရန်ကြိုးစားနေသော်လည်း ကိုဗစ်ပြဿနာ နှင့် ရုရှား - ယူကရိန်း ပဋိပက္ခကြောင့် မပို့နိုင်ရခြင်းဖြစ်ပါတယ်။ 

လောလောဆယ် အချက်အလက်များအရ ၂၀၂၆ မှာ နောက်ထက်လက်ကျန်တင့်ကားအစီး ၇၀ နဲ့ F -16 တိုက်လေယာဉ်( အရေအတွက် မသိရ)ကို အပြီးသတ်ပို့ပေးမယ်လို့ သိရပါတယ်။ ပြဿနာက  အမေရိကန်တွေ ရောင်းတဲ့ စစ်လက်နက်တွေထဲမှာ HIMARS ဒုံးကျည်စနစ်တွေပါဝင်ပြီး အဲ့ဒိဒုံးတွေက တာဝေးပစ်တွေပဲ ဖြစ်နေပါတယ်။ ထိုင်ဝမ်ကို စစ်လက်နက်တွေ ရောင်းချပေးနေတဲ့ ကိစ္စက အမေရိကန်သမ္မတ အိုဘားမား လက်ထက် ကတည်းကဖြစ်ပါတယ်။ 

တိုင်ပေကို အမေရိကန် လက်နက်ရောင်းချမှုအား ဘေဂျင်းအစိုးရက တစိုက်မတ်မတ် ဆန့်ကျင်ခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန် က ထိုင်ဝမ်အား လက်နက်တပ်ဆင်ခြင်းအား ရပ်ရန်နှင့် 'တိုင်ပေလွတ်လပ်ရေး' တပ်ဖွဲ့များအား ၎င်းတို့၏ ရည်မှန်းချက်များ အောင်မြင်ရန် ကြိုးပမ်းနေသည့် လွတ်လပ်ရေးရယူခြင်းကို အားပေးထောက်ခံခြင်းအား ရပ်တန့်ရန် တနင်္လာနေ့က တိုက်တွန်းခဲ့ပါတယ်။

တိုင်ပေအား ဝါရှင်တန်၏ ဆက်လက်ပံ့ပိုးကူညီမှုသည် ၁၉၈၂  ဩဂုတ်လ ၁၇ ရက် ကြေညာစာတမ်းပါ ကတိကဝတ်များကို အမေရိကန်က ဆန့်ကျင်နေကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အလေးပေးဖော်ပြခဲ့ပါတယ်။ 


Ref - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)