ထရမ့်အကြံပေးတွေက ယူကရိန်းကို နေတိုးထဲလက်မခံဖို့ အကြံပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထရမ့်အကြံပေးတွေက ယူကရိန်းကို နေတိုးထဲလက်မခံဖို့ အကြံပြု


၂၀၂၄၊ ဒီဇင်ဘာ ၅

ရုရှားနှင့် ယူကရိန်းကြား ပဋိပက္ခကို ဖြေရှင်းရန် အစီအစဉ်သုံးရပ်ကို ဒေါ်နယ်ထရန့်၏ အကြံပေးအရာရှိများက တင်ပြခဲ့ကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတနှင့် နီးစပ်သော သတင်းရင်းမြစ်များစွာကို ကိုးကား၍ ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။ အချို့သော ကွဲလွဲမှုများရှိသော်လည်း အဆိုပြုချက်အားလုံးတွင် မော်စကိုအစိုးရ အား ကိယက်ဗ်အစိုးရက နယ်မြေခွဲဝေပေးရေးနှင့် နေတိုးအဖွဲ့တွင် ပါဝင်လိုသော ဆန္ဒကို စွန့်လွှတ်ရန်အတွက် တိုက်တွန်းချက်များ ပါဝင်သည်။ 

အမေရိကန်တွင် လက်ရှိအစိုးရအကူးအပြောင်းတွင် ပါဝင်နေသည့် ထရမ့် အမျိုးသားလုံခြုံရေးအရာရှိဟောင်း တစ်ဦးက အဆိုပါအစီအစဉ်များထဲမှ တစ်ခုသည် ရွေးကောက်ခံသမ္မတ၏ ဝင်လာမည့် ရုရှား-ယူကရိန်းသံတမန် ဖြစ်သည့် အငြိမ်းစားတပ်မတော် ဒုတိယဗိုလ်ချုပ်ကြီး ကိသ်ကယလော့ မှ လာခြင်းဖြစ်ကြောင်း ရိုက်တာ သို့ ပြောကြားခဲ့သည်။ ကျန်နှစ်ဦးမှာ ရွေးကောက်ခံ ဒုတိယသမ္မတ  ဂျေဒီဗန့်စ် နှင့် ထရမ့် ၏ ယာယီထောက်လှမ်းရေး အကြီးအကဲဟောင်း ရစ်ချက်ဂရီနယ် တို့က အသီးသီးရေးသားခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

ထရမ့် ၏အကြံပေးများသည် "မုန်လာဥနီနှင့်တုတ်များ" ( ဆုပေးဒဏ်ပေးစနစ်) ဗျူဟာကိုအသုံးပြုခြင်းဖြင့် နှစ်နိုင်ငံညှိနှိုင်းမှုတွင် ဖိအားပေးရန်ကြိုးစားရန် ရည်ရွယ်ထားကြောင်း သတင်းရရှိသည်။ အကယ်၍ ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇယ်လင်စကီးက ညှိနှိုင်းရန် ငြင်းဆိုပါက ကိယက်ဗ်အစိုးရသို့ စစ်ရေးအကူအညီများ ရပ်ဆိုင်းလိုက်မည်ဖြစ်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်က သံခင်းတမန်ခင်းတွင် ပါဝင်ရန် ဆန္ဒမရှိဟု ထုတ်ဖော်ပါက လက်နက်များကို ယူကရိန်းထံ ထပ်မံပေးအပ်မည် ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

မော်စကိုအစိုးရနှင့် ကိယက်ဗ်အစိုးရတို့ကြား သဘောတူညီချက်သည် ထရမ့်၊ ပူတင် နှင့် ဇီလန်စကီ တို့ကြား ပုဂ္ဂိုလ်ရေးအရ တိုက်ရိုက်ထိတွေ့ဆက်ဆံမှုအပေါ်တွင် မူတည်ဖွယ်ရှိကြောင်း အကြံပေးအရာရှိများက အလေးပေးပြောကြားခဲ့သည်။ သမ္မတလောင်းအဖြစ် ရွေးကောက်ခံရပါက မော်စကိုနှင့် ကိယက်ဗ်တို့ကြား တိုက်ပွဲများကို ၂၄ နာရီအတွင်း အပြီးတိုင်အဆုံးသတ်မည်ဟု ထရမ့်က ထပ်ခါတလဲလဲ ပြောဆိုခဲ့သော်လည်း ၎င်းကို မည်သို့အောင်မြင်မည်ကို အတိအကျ မရှင်းပြခဲ့ပေ။


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)