ဆိုးလ်၊ ဒီဇင်ဘာ ၅
မြောက်ကိုရီးယားနှင့် ရုရှားတို့သည် ရုရှားနိုင်ငံ မော်စကိုမြို့၌ နှစ်နိုင်ငံကြား《ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု သဘောတူစာချုပ်》အတည်ပြုစာများ လဲလှယ်သည့်အခမ်းအနားကို ဒီဇင်ဘာ ၄ ရက်တွင် ကျင်းပခဲ့ပြီး သဘောတူစာချုပ်သည် အတည်ပြုစာများ လဲလှယ်သည့်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း KCNA ၏ ဒီဇင်ဘာ ၅ ရက် ဖော်ပြချက်အရ သိရသည်။
၂၀၀၀ ပြည့်နှစ်တွင် နှစ်နိုင်ငံ ချုပ်ဆိုခဲ့သော 《မြောက်ကိုရီးယား-ရုရှား ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းကောင်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်》သည် အကျုံးမဝင်တော့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ယခုနှစ် ဇွန်လတွင် မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းနှင့် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်တို့သည် ပြုံယမ်းမြို့တွင် 《ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု သဘောတူ စာချုပ်》ကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
Ref - (Xinhua)
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment