ဟိုပုံး , ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် (၁၀) နာရီအချိန်က လွယ်အွန်းကျေးရွာအုပ်စုရှိ အခြေခံပညာမူလတန်းကျောင်း (ဝါးဆို့)၌ ကျင်းပခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မေဇင်ဝင်းအောင်က ဟိုပုံးမြို့နယ်အတွင်းဖြစ်ပွားနိုင်သည့် ရေဘေး၊ လေဘေး၊ မိုးကြိုးဘေး၊ မီးဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး စသည့် ဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဘေးအန္တရာယ်တစ်ခုခုကြုံတွေ့ရပါက ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများနှင့် မိမိနှင့်အတူ ယူဆောင်သွားရန်လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများအား ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မေဇင်ဝင်းအောင်က ဟောပြောခဲ့သည့် အကြောင်းအရာများအား မေးမြန်းခဲ့ရာ ပြန်လည်ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့အပြင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေး၊ လေဘေး၊ မိုးကြိုးဘေး၊ မီးဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး စသည့် ဘေးအန္တရာယ်များဆိုင်ရာ ပအိုဝ်းဘာသာဖြင့်ထုတ်ဝေသည့် အသိပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment