တာချီလိတ် , ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ခရိုင်/မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုက အဖွင့်အမှာစကားပြောကြားပြီး တာချီလိတ်မြို့နယ် စည်ပင်သာယားရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က ဌာန၏ ဘဏ္ဍာရေးနှစ်အလိုက် မြို့တွင်းလမ်းများ ကတ္တရာ(AC)လမ်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ရပ်ကွက်အလိုက် ကိုယ်ထူကိုယ်ထလမ်းများ ဆောင်ရွက်နေမှု၊ လမ်းများ၊ ရေမြောင်းများအတွင်း အမှိုက်များ၊ ကျန်ရှိနေသည့် ရွှံ့နွံများအား ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ မြိုအထိမ်းအမှတ် နာရီစင်တည်ဆောက်ခြင်း၊ အောင်မြတ်ခန်းမအဆင့်မြှင့်တင်ခြင်း၊ ရွှေတိဂုံစေတီ အတက်အဆင်း လမ်းဘေးတွင် ဈေးဆိုင်ခန်းများ စနစ်တကျ ဆောက်လုပ်နိုင်ရေး၊ ဗိုလ်ချုပ်လမ်းမတစ်လျှောက် ပလက်ဖောင်းများပေါ်တွင် လမ်းဘေးဈေးသည်များ စနစ်တကျရောင်းချမှု မရှိခြင်းအပေါ် ရပ်ကွက်အလိုက် အသိပေးကာ ဖယ်ရှားဆောင်ရွက်နိုင်ရေးနှင့် တာချီလိတ်မြို့သည် နယ်စပ်မြို့ဖြစ်၍ ခရီးသွား ဧည့်သည်များဖြင့် စည်ကားလျက်ရှိရာ ညစျေး (Night Market) အား စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် နေရာရွေးချယ်၍ ဆောင်ရွက်နိုင်မည့် အစီအမံများ စသည့်မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ လုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးများက အထွေထွေဝိုင်းဝန်းဆွေးနွေးတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းကိုက လုပ်ငန်းများဆောင်ရွက်မှုအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment